part 10

1.5K 107 4
                                    

🍓🍓မတည့်အတူနေ🍓🍓

Jkရေချိုးပြီး သဘက်လေးခါးမာပတ်ကာထွက်လာခဲ့သည်
မင်ကို ကြည့်လိုက်တော့ အိပ်နေပြီ airconလဲဖွင့်သေးထားတယ် စောင်တော့ခြုံမထားဘူး
အနားသွားကာ  စောင်ခြုံပေးရန်...စောင်ကိုဆွဲလိုက်တော့....အိပ်နေသူတယောက် ချက်ချက်ထထိုင်လာသည်...

"ခွေးကောင် ဒီညတော့ အရတော့ဘူး...
စောက်ကျင့်ယုတ်မယ်မကြံနဲ့..."

ကြည့်လိုက်တော့ လက်ထဲမာ ဟိုတနေ့က ကားပေါ်မာ သူ့ကို ထိုးမယ်တကားကားလုပ်နေသော ဓါးလေး....

"ချာတိတ်...မင်းဘယလုပ်တာလဲ...ပြန်ချလိုက်နော်..."
"ဘာကိစ္စချရမာလဲ..."
"မင်းကို ငါဘာလုပ်နေလို့လဲ..."
"ဘယ်သိမလဲ..အကျင့်က ကောင်မှမကောင်းတာ"
"ငါဘာမှ မလုပ်ဘူး ...မင်းကိုစောင်ခြုံပေးမလို့..."
"မင်းပြောတာ ငါက ယုံရမာလား...ငါငတုံးမဟုတ်ဘူး.."
"ကျစ်...တကယ်ပြောတာ...ပေး..ဓါး
.."
"ဟိတ်..ရှေ့ထပ်တိုးလာရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံနော်...ငါတကယ်လုပ်မာလို့ ပြောပြီးပြီ..."
"ကျစ်...ဒီမာချာတိတ် ငါအိပ်ရအုံးမယ် မင်းကို ဘာမလုပ်ဘူး....
ဖယ်..."
"ဟက်...ဒီကုတင်မာလဲ အိပ်လို့မရဘူး...အပြင်ထွက်အိပ်..."
"ဘာ...ဘာပြောတယ်..."
"မကြားဘူးလား ထပ်ပြောပေးမယ် အပြင်ထွက်အိပ်..နားလည်လား...မင်းနဲ့တခန်းထဲလဲ မအိပ်နိုင်ဘူး..."
"ညတုန်းကတောင် အိပ်ပြီးပြီလေ..."

Jkရှေ့ကို နဲနဲထပ်တိုးလိုက်တော့ jmသူ့ဓါးကို jkရှေ့ကို ထုတ်လိုက်သည်...

"ဟေ့..မင်းဓါးကငါ့ကိုထိုးမိတော့မယ်...
ငါဘာမလုပ်ဘူး ခေါင်းအုံးနဲ့စောင်ယူမလို့"
"မြန်မြန်ယူပြီးသွားတော့...."
"သွားမာ...မင်းမနက်ကျ ကုမ္ပဏီလိုက်ဖို့ပြင်ထား...."

*လိုက်မယ်ထင်နေလား ...သိတယ် မင်းမကျေနပ်ချက်တေနဲ့ ငါ့ကိုခိုင်းမာ ...ဟွန့်...*

Jkလဲ ခေါင်အုံးနဲ့ စောင်ကိုယူလာပြီး ဧည့်ခန်းက ဆိုဖာပေါ်သာ သွားအိပ်ရသည်...
မဟုတ်ရင် အဲ့ချာတိတ်က တကယ်လုပ်မယ့်ရုပ်....

အတော်အတန်ကြာ jkအိပ်လို့မရ...အိပ်နေလဲမကျ... ခြင်ကလဲ လူတောင်ချီမာဆိုးရတယ်..တဝှီဝှီနဲ့ .....
အိပ်ခန်းထဲပြန်ဝင်အိပ်ဖို့ဆိုတာကလဲ ဟိုချာတိတ်က အရမ်းအိပ်ရေးဆက်တာ ...တံခါးဖွင့်မကြည့်လိုက်နဲ့ ကြည့်လိုက်တာနဲ့ သူက ကုတင်ပေါ်ငုတ်တုတ်ထိုင်ပြီးသား....နောက်ဆုံးတော့ တံခါးလော့ပါချထားလိုက်တယ်လေ...

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now