မြန်းတစ်ယောက် ဒီနေ့ ကလေးတစ်ယောက်ကို ကျူရှင်ပြရန် ထွက်လာခဲ့သည်။သူကြားရတာတော့ ဒီကလေးဟာ အတော်ဆိုးနေသည်။မိဘလုပ်စာထိုင်စား စာကိုစိတ်၀င်စားမှုမရှိသော ကလေးဟု သိရသည်။
"ဟူးး ဘယ်လိုကြုံရအုံးမလဲ မသိဘူး"
အိမ်တစ်နေရာတွင် ခြေဆုံရပ်မိသည်။အိမ်ရှေ့ခေါင်းလောင်းအား တီးလိုက်စဥ်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါသလဲဗျ"
"ဦးအားမာန်နဲ့ဒေါ်ထက်ထွန်းသီတာတို့ အိမ်လားမသိဘူးရှင့်"
"ဟုတ်ပါတယ် အမလေးက"
"ရွှေရည်မြန်းပါ "
"အော် ဆရာမလေးပဲ လာပါဗျ သူဌေးပြောထားပါတယ်"
မြန်းအိမ်ထဲ ၀င်လိုက်ချိန်ပင် အတော်ငြိမ်ကျသွားသည်။ခန်းနားသည် ထည်၀ါသည် ကျက်သရေရှိသည်။သန့်ရှင်းကာ နင်းရက်စရာပင်မရှိ။
"ထက်ထက်"
"ဟယ် မြန်း လာလာ"
"ထက်ထက် အားမာန်ရော"
"ရှိပါ့ ကိုကိုရေ"
"ဗျာ ဗျာ့ ထက်ထက် ကိုကိုလာပြီ အယ် မြန်း ရောက်နေတာကြာပြီလား"
"နင်တို့ဆိုသည်မာလဲ တက္ကသိုလ်တင်မကဘူး အခုထိ ငါကိုမျက်မောင်းကျိုးအောင်လုပ်တုန်း"
"နင်မှ လင်မယူတာ ဘယ်ခံစားတက်ပါ့မလဲ"
"အပိုတွေပြောမနေနဲ့ ငါဘယ်သူကို သင်ရမာလဲ "
"အပေါ်မာရှိတယ် ငါ့ကိုယ်ပွားလေး ဆိုးတယ်နော် သေချာကိုင်တွယ်"
"နာမည်က"
"အားမာန်ထွန်း ငါတို့အလိုလိုက်ထားတော့ နည်းနည်းဆိုးတယ်နော် နင်ဖြစ်ပါ့မလား"
နာမည်လေးက ဆန်းသား အားမာန်တို့ကတော့ တကာ်ပါပဲ နာမည်တောင် မပါပါအောင်မှည့်ထားချက်။မြန်းနဲ့ဒီအကောင်ပေါက်စတော့ တွေ့ကြရပြီ။
"ငါလက်ထဲရောက်ရင် ငြိမ်ကျသွားစေရမယ်"
"ငါကလည်းအတာမျိုးကို ကြိုက်တာ လာထက်ထက် ကိူကိုတို့ အပြင်သွားရအောင်"
"နေအုံး နေရာက "
"အပေါ်ထက်မာ တစ်ခန်းပဲရှိတယ် ဘုရားစင်ရင် အခန်းတစ်ခန်းရယ်"