-4-

248 27 2
                                    

"ရှာဖွေခြင်းရှိပေမဲ့၊ တွေ့ရှိခြင်းမရှိရင်ရော?"

ဟီဆွန်း ဂျယ်ယွန်းကို မတွေ့ရတာဖြင့် တစ်ပတ် နီးပါးလောက်ရှိပြီ။ ဟိုနေ့က ကိစ္စ ကြောင့်စိတ်ထင့် သွားတယ်ထင်ပါရဲ့။ ဟီဆွန်း စမ်းချောင်းဆီကိုအမြဲသွားတယ် ဂျယ်ယွန်းများရောက်လာမလားဆိုပြီး။ ခုလာတာ ဆယ်ခါကတော့မယ် မထင်ပါဘူး။

ဟီဆွန်း ဂျယ်ယွန်းရဲ့ သူငယ်ဆိုတဲ့သူရဲ့အကြောင်းကိုကြားဖူးတယ်။ ဂျယ်ယွန်းပြောတာမဟုတ်ပါဘူးလေ၊ ဂျယ်ယွန်းအကြောင်းစုံစမ်းတုန်းက ဂျေးဆိုတဲ့ သူက ဂျယ်ယွန်းနဲ့ မူကြိုတည်းက သူငယ်ချင်းဆိုလားပဲ။ ဂျေးက ဘားတစ်ခုမှာ နောက်ခံတေးဂီတက ဂစ်တာတီးတဲ့သူတဲ့။ သူကတော့ဂျယ်ယွန်း အကြောင်းသိလောက်မယ်ထင်တယ်။

ဘားက ဟီဆွန်းအိမ်နဲ့ဆို သိပ်တော့မဝေးလှပါ။ ဘားရှိတဲ့နေရာက ဘားများတဲ့ လမ်းတစ်လျှောက် ကိုကျော်ပြီး ကမ်းခြေဘေးတွင် တည်ရှိသည်မို့ ဘားလမ်းကို ဖြတ်ရသည်။ ဘားလမ်းအလွန် တွေ့ရသည့် မီးများဖြာ နေ့သည့် ဘိုက်ဗ်ဘား။ ဆိုင်အပြင်ဘက်ကို ဟီဆွန်းအဝေးက ကြည့်နေ၏။ ဘားက ခရမ်းရောင်ကိုအများဆုံး အသုံးပြုထားတာမို့ ညဘက်ကိုတော်လှသည်။

ဟီဆွန်း ဘားအတွင်းသို့ဝင်ရန် တုန့်ဆိုင်းနေမိသည်။ မိနစ်အနည်းငယ်ကြာသည် အထိဟီဆွန်းဘားအပြင်မှာသာရပ်မိနေ၏။ နောက်ဆုံး ဟီဆွန်းဂျယ်ယွန်းအတွက်သာဆိုပြီး ဘားအတွင်းသို့ဝင်လိုက်ပါတော့သည်။

ဘားက လူသူမရှိသည့် နေရာဖြစ်ပေမဲ့ လာသူတော့မနည်း။ ဟီဆွန်းဟိုဟို ဒီဒီကြည့်နေရင်း ဘေးတစ်နေရာမှ လူကိုသတိထားမိသွားသည်။ အဲ့လူ၊ အဲ့လူက ဂျေးထင်ပါ၏။ ဟီဆွန်းမတုန့်မဆိုင်းပဲ ဂျေးဆီသာဦးတည်မိသည်။

"ဟို...ဒီက ဂျေးလားခဗျ?"

ဂျေးက အနည်းငယ်တော့တွေဝေသွားပေမဲ့

"ဟုတ်ပါတယ် ဒီကဘာကိစ္စရှိလို့ဘာလဲ"

"ကျွန်‌ေတာ်ကဂျယ်ယွန်း အာ ဂျိတ်ခ်ရဲ့ မိတ်ဆွေ ပါ"

"အော်ဂျယ်ယွန်းရဲ့ သူငယ်ချင်းလား"

ဂျယ်ယွန်း?...ဂျယ်ယွန်းတဲ့လား။
ဂျယ်ယွန်းဆိုတာ ငါတစ်ယောက်တည်းခေါ်တယ်ထင်တာ။

ʙᴏʀɴ ᴀɢᴀɪɴWhere stories live. Discover now