"ဒုံမင်း! ဒီမှာ မင်းပုံ"
"တကယ်ကြီး ငါ့ပုံ"
"အွန်း မင်းမဟုတ်လို့ ဘယ်သူဖြစ်မလဲ"
ကျွန်တော် ကျွန်တော့်မျက်စိရှေ့မှ ပန်းချီကားကို ကြည့်မိသည်။ အစိမ်းရောင် ရိုးရာဝတ်စုံနှင့် ထိုယောက်ျားပျိုမှာ အလွန်ပင် ကျက်သရေရှိလှသည်။ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ ရယ်မောနေသည့်ပုံမှာ အလွန်ပင် နှစ်လိုဖွယ်ကောင်း၏။
" ဒုံမင်း! ဒီကိုလာ"
စမ်းချောင်းဘေးမှာ ရပ်နေသည့် ထိုကင်မ်သခင်လေးသည် ကျွန်တော်အား လက်လှမ်းခေါ်နေသည်။ ဒီနေ့ ထိုသခင်လေးသည် အဝါနုရောင် ရိုးရာဝတ်စုံအောင်တွင် ပို၍ နုနယ်ချောမောနေလေသည်။
ကျွန်တော်တစ်လှမ်းချင်းလျှောက်သွားတော့ ထိုသခင်လေးသည် ကျွန်တော်အားဆွဲကား စမ်းချောင်းထဲ ခုန်ဆင်းတော့သည်။ ကျွန်တော်ရုတ်တရပ်လန့်သွား၏။
"ဘာလို့ ရေထဲ!"
ကျွန်တော်လန့်ဖြန့်စွာ သူ့အားပြောမိသည့်ပုံ။ သူသည် ပြုံးနေရာမှ ငြိမ်သွားကာ ကျွန်တော့်အား တောင်းပန်စရာဆိုလေသည်။ ငြိမ်ကျသွားသော သူ၏ ပုံသည် ကျွန်တော့်အတွက် ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင်အထိပင် လုပ်နိုင်သည်။
" ဒုံဟျွန်း.. ဒီကိုကြည့်"
ကျွန်တော်ခေါ်သောအခါ သူသည် ကျွန်တော့်အားကြည့်၍ ထို့နောက် ကျွန်တော်လက်ညှိုးထိုးထားသော နေရာအားကြည့်လေသည်။ ထိုသူသည် ထပ်မံပြုံးခဲ့သည်။ သူ၏ မူပိုင် ပြုံးသည်ဆိုရုံလေး ပြုံးခဲ့သည်။
" ရွှေငါးကလေးတွေ.."
သူသည် ခပ်တိုးတိုး ရွတ်၏။ ထိုအချိန်တွင် ကျွန်တော်သည် ရေထဲရှိ ကျွန်တော်ပုံရိပ်ယောင်အား ကျွန်တော်ပြန်ကြည့်မိသည်။
shitt ချောလိုက်တာ..
ကျွန်တော်သည်အလွန်ချောမောသူ တစ်ယောက်၏ ခန္ဓာကိုယ်ထဲရောက်ရှိနေသကဲ့သို့ ရှိသည်။ အိမ်မက်ထဲမှ ကျွန်တော်၊ တစ်နည်းအားဖြင့် ဟန်ဒုံမင်း၏ အပြုအမူတွေကို ကျွန်တော်ထိန်းချုပ်၍မရ။ ထိုသူသည် ရေထဲရှိ မိမိပုံစံအား မုန်းသည့်နှယ် ကုန်းပေါ်သို့ ပြန်တက်လာခဲ့သည်။ သို့သော် ကင်မ်သခင်လေးမှာ ခုဏကအတိုင်း ရေထဲတွင် ရွှေငါးများအား ခပ်လှမ်းလှမ်းမှ ကြည့်နေလေသည်။