အပိုင်း(4)

18.3K 109 0
                                    

တစ်ကိုဃ်လုံးကနာကျင်ကိုက်ခဲကာမူးဝေနေသည်ဟုခံစားနေရသည်။

နွေး၏အသိစိတ်တို့ကလည်း ထုံထိုင်းကာပျောက်ဆုံးနေခဲ့သည်..
မိသားစုဟု ထင်မှတ်ထားသူတို့ကား
လူဃုတ်မာ တစ်သိုက်ပင်ဖြစ်နေသည်....

နွေး၏ အမေ သခင်မကြီးဆိုသူအားလည်း
အတော်ပင်မုန်းတီးမိသည်....
အိမ်တော်သခင်မကြီး နန်းသင်းမေ အကြောင်းနွေးအတော်လေးကြားဖူးသည်......

သခင်မကြီးသည်...
မိသားစု အပေါ်နွေးထွေးသည်...
အမွှားသား၂ဃောက်အပေါ်တွင်လည်း တုန်နေအောင်ချစ်သည်...

ထက်မြတ်ကာအိမ်တော် အုပ်ချုပ်ရေးပိုင်းတွင်လည်း အလွန်တော်လှသည့်
ထိုမိန်မ​ ကြီး
အကြောင်းတို့အားကြားဖူးသည်.....

ခြံဝန်းတစ်ခုထဲတွင် အတူနေထိုင်ပါသော်လည်းသခင်မကြီးဆိုသူအားနွေး တစ်ခါမှမတွေ့ဖူးပေ....

ထိုမိန်းမကြီးသည်နွေး၏ အမေ အရင်းဖြစ်သူဟု
အဃုတ်တမာကောင်က နွေးအားပြောခဲ့သည်.......
နွေးအားအဘဃ်ကြောင့်စွန့်ပစ်ရက်သနည်း........

နွေးမည်သည့်အ ပြစ်တို့အား ပြုလုပ်ခဲ့သောကြောင့် ဘဝကြီးက အရမ်းခါးသက်နေရသနည်း.......

မုန်းသည်......နွေးဘဝအားဖျတ်ဆီးကြသူတို့အားမုန်းသည်.....

သို့သော်နွေးမှာလက်တုံပြန်ရန်ခွန်အားတို့ကမရှိ....

နွေး၏အတွေးတို့ချာချာလည်ကာ
ထိုညတွင်ပင်ပန်းသောအရှိန်၊စိတ်ဖိအားမျိုးစုံဖြင့် အိပ်ပျော်လိုက်နိုးလာလိုက်ဖြင့် မနက်မိုးသောက်သွား​တော့သည်....

နွေး......နွေး....ဟဲ.....ကောင်လေး.....
သေနေပြီလား...ငါအော်ခေါ်နေတာကြာပြီ......
ခုထိမထသေးဘူးလား.....
နွေးကိုဃ်ပေါ်သို့ အမေ ၏လက်ဝါးရာတို့က တဖြန်းဖြန်း ကျရောက်လာသည်.....

နွေးမှာမူးဝေကာ တကိုဃ်လုံးလည်းခဲဆွဲထားသလို လေးလံနေသည်....
ခေါင်းတို့ကလည်း ထမရအောင်ပင်
တဆစ်ဆစ်ဖြင့်ကိုက်ခဲနေသည်......

မိဘဟု အမည်ခံထားသောထို အတုအဃောင်
အမေ သည်နွေးနေမကောင်းသည်က်ိုပင်သိ ဟန်မရပေ......
အမေ.....သားနေမကောင်းလို့ပါ...မရိုက်ပါနဲ့....
ဒီတစ်ရက်တော့ သား....နားချင်တဃ်...

ပိုးအိမ်(completed )Where stories live. Discover now