မောင့်သက်ဆိုင်သူ❤️ (1)

10.7K 105 2
                                    

တီ... တီ...

ကားသံပါလား ဘယ်သူတွေလာကြတာပါတုန်း.. ဪ ‌အိမ်ရှေ့အိမ်ကကောင်လေးကျောင်းတက်ပြီးပြန်လာတာပဲ။
ပြူတင်းပေါက်ကကြည့်ရင်း ဦး‌ခင်ရွှေ‌တစ်ယောက်ရေရွတ်နေမိသည်။

အိမ်သန့်ရှင်းရေးလုပ်ရင်း မြဖူးငုံတစ်ယောက် အိမ်ရှေ့လမ်းကအသံကြား၍လာ‌ကြည့်သည်။

"အဖေ အိမ်ရှေ့ကကောင်လေးပြန်လာတာပဲ"

"အေး ခုက မြို့ကဧည့်သည်တွေပါ ပါတယ်ထင်တယ်သမီးရယ့် ဟိုဘက်ကိုကြည့်..."

ဟင်.. သစ်ပင်အောင်မှာ စီးကရက်သောက်နေတဲ့ကောင်လေးက ချောလိုက်တာ ဖြူဝင်းတဲ့အသား‌ရည်နဲ့ စီးကရက်ကိုကိုက်ခဲထားတာတောင်မှ နီရဲနေတဲ့နှုတ်ခမ်းနဲ့ အရပ်ကလည်း6ပေလောက်ရှိမည့်ပုံ မြို့နေမြို့စားဆိုတော့ ယောက်ျားလေးဆိုပေမယ့်ထိရက်စရာမရှိ အို....ငါဘာတွေတွေးနေမိတာလဲ။

"သမီး သန့်ရှင်းရေးလုပ်တာပြီးရင်လည်း ရေချိုးတော့လေ ထမင်းစားကြမယ်"
"ဟုတ် အဖေ သမီးရေသွားချိုးပြီနော်"

မြဖူးငုံဆိုတာ ဦးခင်ရွှေရဲ့တစ်ဦးတည်းသောသမီးလေးပေါ့။ မိခင်ဖြစ်သူက မြဖူးငုံငယ်ငယ်ကပင်ကွယ်လွန်သွားပြီဖြစ်တာကြောင့် သားအဖနှစ်ယောက်သာရှိသည်။ တောသဘာဝအရ တောင်သူလယ်သမားလုပ်ရင်း အေးချမ်းစွာဖြတ်သန်းကြသည်။

................................

"ဟျောင့် မင်းတို့နေရာကအေးချမ်းလိုက်တာ"

"အေး မင်းတို့ကိုတောသဘာဝအလှကိုခံစားရအောင်ခေါ်လာခဲ့တာ"

"မင်းကသိပ်သိတတ်တာပဲ ငါတို့ချင်ပဲ တိမ်ထူလိုက်ကြမလား"

"ဟာ ဒီခွေးကောင် စကားကိုအကောင်းပြောမရဘူး"

"အေးငါကတော့ တိမ်မထူနိုင်ဘူး ထူချင်မင်းတို့နှစ်ကောင်ပဲထူလိုက်ကြ"

"ဟာ စည်း မင်းကပါဘယ်လိုဖြစ်နေတာတုန်း"

"သုခလင်းနှင့်ခေတ်မင်းနောင်ကို စည်းတံတိုင်းကပါထောက်ခံနေပြီမလို့ သုခမင်းတိမ်ထူဖို့ငြင်းမနေပါနဲ့တော့"

"ဟားဟား မင်းဒီကောင့်ကိုလက်ခံလိုက်ပါ မင်းကိုတကယ်ကြိုက်နေတဲ့ပုံကွ"

မောင့်သက်ဆိုင်သူ❤️Where stories live. Discover now