မောင့်သက်ဆိုင်သူ❤️ (6)

3.9K 69 2
                                    

စည်းအိပ်ယာကနိုးလာတဲ့အချိန် သူ့ရဲ့မိန်းမဆိုသောအမျိုးသမီးရှာနေမိသည်။ သူဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်တာသုံးရက်ပင်ရှိပြီ။ သူအတိတ်ကိုမမှတ်မိပါဘာတွေလုပ်ခဲ့တာလဲအတော်စဥ်းစားရဦးမည်။

ဒေါက်.....ဒေါက်....

"မောင်...အဲ..စည်းရေနိုးပြီလား"

"ခဏလေး ထွက်လာခဲ့မယ်"

မောင့်စီကအသံခပ်ပြတ်ပြတ်ကြီးထွက်လာတော့လန့်မိသည်။ အရေးထဲမောင်လို့မှားခေါ်မိရသေးသည်။

မနက်စာဝိုင်းကအလွန်ပိတ်တိတ်ဆိတ်လှသည်။ မြဖူးကပဲမနေတတ်တော့...

"စည်း နေလို့အဆင်ပြေရဲ့လားဟင်"

"ပြေတာပေါ့ ကျုပ်ကဘာဖြစ်နေလို့လဲ"

"အင်း...အင်းပါ"

စည်းအဖြေကြောင့်ညှိုးကျသွားတဲ့မျက်နှာလေးမြင်တော့ စိတ်ထဲမကောင်းပါ။

စိတ်ပူလို့မေးမိသည်ကိုရင်နာရသည်။ အိမ်ပြန်ရောက်ထဲက တစ်ခန်းထဲမအိပ်နိုင်ဘူးဆိုလို့ အခန်းခွဲအိပ်ပေးသည်။ မောင်ကလေသိပ်အနိုင်ကျင့်တာပဲ။
..............

"အိပ်ခါနီး နွားနို့လေးသောက်လိုက်ဦး"

"....."

"ဒီမှာထားခဲ့မယ်နော်"

"နေဦး!"

"ရှင်"

"အာ့!"

လက်ကိုလှမ်းဆွဲလိုက်တော့ သူ့ကိုပေါ်ပြစ်ကျသွားရသည်။

"ခင်ဗျားနဲ့ကျုပ်ကလင်မယားဆို"

"ဟုတ် ဟုတ်ပါတယ်"

"အဲ့တော့ လင်မယားလိုနေကြရအောင်"

"ဟင်!"

"ချွတ်.... ခင်ဗျားရဲ့အဝတ်တွေအကုန်ချွတ်"

"ဘယ်လို...... အို.... မင်းငါ့ကိုအဲ့လိုမဆက်ဆံနဲ့ မင်းအထင်သေးပြီးမတူမတန်လို့ထင်နေရင်ငါမနေဘူး ငါ့အိမ်ငါပြန်မယ်"

"ဒါခင်ဗျားနေရမယ့်နေရာလေ လာ"

"ဟင့်အင်း.......အင့်.....အွန့်.......လွှတ်"

မင်းငါ့ကိုဘာလို့အထင်သေးရတာလဲ။ ငါညာနေတယ်လိမ်နေတယ်လို့မင်းထင်တာလား။ မင်းနေကောင်းတာနဲ့ငါပြန်မယ်။ သူ့ရဲ့အထင်သေးမှုကြောင့်ဝမ်နည်း၍ငိုသည်ကို အနိုင်ပိုင်းကာထပ်ပြောသေးသည်လေ။ "ငိုမနေနဲ့ကျုပ်ကခင်ဗျားလင်လေ"တဲ့ သူဟာသိပ်ကိုအနိုင်ကျင့်ပါသည်။

မောင့်သက်ဆိုင်သူ❤️Where stories live. Discover now