30

2K 42 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ(အပိုင်း ၃၀)

အိမ်ပြန်ရောက်သည်နှင့် ဆိုဖာခုံပေါ်မှာမှီထိုင်ရင်း ခင့်ကိုကြည့်နေသည့် မာမီကြီး၏အကြည့်တွေသည်ကြောက်စရာကောင်းလှ၏။ ယောင်ကိုင်းနေသည့်ပါးပြင် နှစ်ဖက်ကိုလက်ဖြင့်ထိတွေ့ကြည့်ရင်း မာမီကြီးကိုလည်းကြည့်လိုက်မိသည်။

"မင်းကိုပြောလို့ဆိုလို့ မရတော့ဘူးလားရူဘီ"

"ခင့်အမှားမဟုတ်ဘူးမာမီကြီး"

"ကုမ္ပဏီကဝန်ထမ်းတွေအရှေ့မှာ ဖြစ်ချင်တိုင်းဖြစ်နေတာတောင် မမှားဘူးဆိုတော့ နောက်ထပ်တစ်ခါဟိုတယ်ခန်းထဲဝင်မှ မှားတယ်လို့ဆိုမှာလား"

မာမီကြီးစကားကြောင့်ခင်မှာ ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သက်သွားရလေသည်။ခင်နဲ့မာမီကြီးစကားပြောနေစဥ် ခြံထဲကိုကားအသီးသီးဖြင့်ဝင်လာသည့် မောင်နှမတွေနှင့် အဒေါ်တွေဦးလေးတွေကြောင့် ခင်နေရခက်သွားလေသည်။

"မာမီကြီးဆူချင်ရင် ခင့်ကိုနောက်မှဆူပါ။ခင်အခုအပေါ်တက်ချင်နေပြီ"

"မရဘူးရူဘီ။ မသွားရဘူး"

တားမြစ်လိုက်သည့်သူက နီလာဖြစ်လေသည်။ခင်တို့မောင်နှမထဲမှာ အကြီးဆုံးအစ်မ။ခင့်ကိုလည်း စိတ်ဆိုးနေပုံရလေသည်။

"ရူဘီ့ကြောင့် နီလာတို့ဘယ်လောက်အရှက်ကွဲရလဲသိရဲ့လား။ အခုလိုင်းပေါ်မှာဖြစ်ပျက်နေတာတွေကိုရောသိရဲ့လား။ နင်နဲ့ဟိုအကောင််ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ဗွီဒီယိုဖိုင်တွေက မြင်လို့တောင်မကောင်းဘူး"

"ဟုတ်တယ်ရူဘီ...တို့ကလည်း တူမလေးဆိုပြီးဘာမှမပြောဘဲနေနေတာ။ ရူဘီ့လုပ်ရပ်ကတို့အသိုင်းဝိုင်းကို သိက္ခာချနေသလိုပဲ။ "

တစ်မျိုးလုံးဝိုင်းပြောနေကြ၍ ခင်အံကလေးကြိတ်ထားလိုက်မိသည်။ အများနှင့်တစ်ယောက်မို့ ခင့်မှာဒေါသတွေမြိုသိပ်ထားရလေသည်။

"မြတ်သာကုမ္ပဏီက ကမ်းလှမ်းထားတဲ့စေ့စပ်ပွဲပျက်သွားရင်တော့ တို့မင်းကိုပေးထားတဲ့ အိမ်ခြံတွေပြန်သိမ်းရလိမ့်မယ်။ မင်းဦးလေးပေးထားတဲ့ ကမ်းခြေကဘန်ဂလိုနှစ်ခုကိုလည်း ပြန်ယူထားမယ်။ "

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now