တစ်ယောက်က တစ်ယောက်ကို နာကျင်စေခဲ့တာက မချစ်လို့ မဟုတ်ဘူးဆိုတဲ့ အကြောင်းအရင်းတွေကိုရော ယုံလို့ရပါ့မလား။
•
•
•
"ရှောင်း"
ရိပေါ်ရဲ့ ခေါ်သံတိုးသဲ့သဲ့ကို သူ ကြားနေရတယ်။ လက်ဖမိုးလေးကို အသာအုပ်ကိုင်လိုက်တော့ စောင်ပုံထဲက ကောင်လေးက ပြန်ပြီးငြိမ်သက်သွားတယ်။
ရှောင်းကျန့်က ဒီကောင်လေး အနားရောက်တိုင်း အတိတ်က နာကျင်စေခဲ့တယ်ဆိုတဲ့ ပြစ်မှုကို မေ့သွားနိုင်လောက်တဲ့အထိ ဘယ်လိုများ ဖြစ်နေခဲ့ပါလိမ့်လို့ သူ့ကိုယ်သူ မေးခွန်းထုတ်ရတဲ့အထိပဲ။
ရူးရူးမူးမူးကို ချစ်ခဲ့ပြီး ပြင်းပြင်းထန်ထန်ကို နာကျင်ခဲ့တဲ့ နေ့ရက်တွေများ ကြီးကြီးမားမား အမုန်းတွေကို နှလုံးသားထဲ ထည့်ဖို့ သူ့ကိုယ်သူ ဖိအားပေးခဲ့တာကရော။
"ရှောင်းကို အစကတည်းက ကျွန်တော်မချစ်ပါဘူး"
"ရှောင်းလိုလူကို ကျွန်တော် အစကတည်းက စိတ်မဝင်စားပါဘူး"
"ဒီတိုင်း... ဒီတိုင်း ဂရုစိုက်ခံရတာ ကြိုက်လို့"
ဒီလောက်ထိ နာနာကျင်ကျင်တွေ ဒီ့ထက်ဆိုးတဲ့ အပြုအမူတွေကြားထဲ ရှောင်းကျန့် ဘယ်လောက်တောင်မှ ခံစားခဲ့ရသလဲ။
ဒါတောင် နှလုံးသားက အမှတ်မရှိ ။ မျက်ရည်တွေဝိုင်းတဲ့ မျက်ဝန်းတွေကို မြင်တိုင်း ဒီစိတ်တံတိုင်းက အလီလီ ပြိုကျတာပဲ။
မတရားလိုက်တာ...။
တတီတီမြည်လာတဲ့ ဖုန်းသံကြောင့် ဖွဖွလေး ထိကာအုပ်ကိုင်ထားတဲ့ လက်ကို လွှတ်ပေးလိုက်တယ်။
"ကျန်းချန်"
"ရိပေါ် ခွင့်ကို တင်ပေးထားတယ်... နေမကောင်းအရမ်းဖြစ်နေတာလား"
"အင်း ပြန်ဖျားနေတယ်"
"ဟိုနေ့ကတည်းက ဖျားတာလား"
ကျန်းချန်ရဲ့ မေးခွန်းတွေကို ရှောင်းကျန့် အင်းတစ်လုံးသာ ဖြေရင်း အဆုံးသတ်လိုက်တယ်။
စစ်ပွဲထဲဝင်လာခဲ့ပြီး ထိုးစစ်ဆင်ခဲ့ပေမဲ့ စစ်ရှုံးခဲ့တဲ့အဖြစ်လိုမျိုးပေါ့။