-15-A Blue Daisy Influenced by The Polaris |La Fin|

515 66 10
                                    

A Blue Daisy Influenced by The Polaris

-15-

ကျန်းဟာအို ချောင်နမ်ကို မပြန်ခင်ညမှာ အပြာရောင် လပြည့်ည နောက်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့သည်။ ကျန်းဟာအိုနှင့် ဆောင်းဟန်ဘင်းတို့ နတ်နန်းဆောင် ခေါင်းမိုးပေါ်တွင် အတူတူ ထိုင်နေရင်း လပြည့်ဝန်းကို ရှုစား ဖြစ်ကြ၏။

နန်းတော်ထဲတွင် အမြင့်ဆုံးက နတ်နန်းဆောင် ဖြစ်တာကြောင့်လည်း ပါသည်။ လကိုလည်း သေချာမြင်ရသည်မို့ပင်။

ကျန်းဟာအိုက ဆောင်းဟန်ဘင်းရင်ခွင်ထဲ မှီထားရင်း ထိုအပြာရောင်လကို ဖမ်းဆုပ်ထားချင်နေသည့်ဟန်။ ဒါပေမဲ့ ထိုလကို လိုချင်သည် ဆိုသည့်အတွေးကတော့ ကလေးသိပ်ဆန်နေတာမို့ ကျန်းဟာအို သူ့အတွေးသူ ရယ်လိုက်မိသည်။

"ကိုယ့်ရင်ခွင်ထဲမှာ နေရတာကို အဲ့လောက် သဘောကျရင် အိပ်ခန်းဆီ သွားရအောင်လေ"

"မင်း..."

ကျန်းဟာအို စကားပြောချိန်တောင် မရလိုက်ပါပဲ ဆောင်းဟန်ဘင်းဆီက အနမ်းကို လက်ခံလိုက်ရ၏။ ရက်အတော်ကြာ မတွေ့ရသည့်အခါ အလွမ်းတွေက ကမ္ဘာတစ်ခုစာ ကြာညောင်းသလို။

ဒေစီတွေ ရာသီကုန်သွားရင်တောင်မှ သည်အမျိုးသားနှစ်ဦးရဲ့ ချစ်ခြင်းတွေကတော့ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။

ကျန်းဟာအိုက ဆောင်းဟန်ဘင်းနှင့်သာ ချောင်နမ်ကို ပြန်လိုက်သွားခဲ့သည်။ ကျန်းဟာအို၏ ဘဝသည် ချောင်နမ်တွင်သာ ရှိနေသည်မို့။

တာဝန်မဲ့တယ်လို့ လူတွေက ပြောလိုလျှင်လည်း ပြောပါစေတော့။

ကျန်းတိုင်းပြည်ကတော့ အရင်လို မြို့ပျက်ကြီး မဟုတ်ဘဲ တစ်စတစ်စ ပြန်လည် စည်ကားလာပြီဖြစ်သည်။ ကျန်းမင်းကြီးကိုလည်း ဆောင်းဟန်ဘင်းက ချောင်နမ်ကို လိုက်ခဲ့ဖို့ ခေါ်သည်။

သည်လိုမျိုးဖြစ်လာပြီဆိုလျှင်တောင်မှ ကျန်းတိုင်းပြည်ကို အုပ်ချုပ်ဖို့ လူ လိုအပ်နေပါသေးသည်။

ထို့အတွက်ကြောင့်မို့ ကျန်းမင်းကြီးနှင့် ကျန်းဟာအိုတို့ အတူတူတိုင်ပင်ပြီးနောက်တွင် ဘုရင်ဖြစ်လာမည့်သူကို ပြည်သူတွေအား ကိုယ်တိုင်ရွေးချယ်ခွင့်ပေးသည့် စနစ်ကို ရေးဆွဲဖို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

A Blue Daisy Influenced by The Polaris (Completed)Where stories live. Discover now