•Available in both Unicode and Zawgyicode>>This story is just my imagination!!! Don't think seriously concerning the characters involved in this story.
__________________<Unicode>
ထယ်ဟျောင်းတို့ကျောင်းကန်တင်းမှာပင်။
'အချစ်လေး....ရော့...'
ပြောပြောဆိုဆိုနှင့် သူ့ပန်းကန်ထဲက အသားတုံးတွေကို ထယ်ဟျောင်းရဲ့ ပန်းကန်ထဲကို ထည့်ပေးနေတဲ့ ဂျီမင်းရယ်ပါ။ဂျီမင်းက အမြဲထိုသို့ပြုလုပ်နေကျပင်။ ထယ်ဟျောင်းလည်း အသားကျနေပြီဖြစ်၍ သူတို့အတွက် ထွေထွေထူးထူးတော့မဟုတ်တော့။
ထိုအချိန် ဆယ်နာက သူတို့နဲ့မျက်စောင်းထိုးဝိုင်းမှာ ထိုင်လိုက်တာကို ထယ်ဟျောင်းတွေ့လိုက်သည်။
ဘယ်လိုတောင် ပြည့်စုံတဲ့အလှတရားလေးပါလဲ..မျက်ခုံးထူထူ နှုတ်ခမ်းဖူးဖူးရဲရဲလေးနဲ့ ပိတုန်းရောင် ဆံပင်ထူထူနဲ့က ပနံသင့်နေပုံက အကြည့်မလွှဲရက်စရာ....
ထယ်ဟျောင်း ဝန်ခံပါသည်
ဆယ်နာက အင်မတန်လှသည်
ထို့အပြင် အင်မတန်လည်း ထက်မြက်သည်
ထယ်ဟျောင်း ပထမဆုံးစသတိထားမိတဲ့မိန်းကလေးက ဆယ်နာပဲဖြစ်ပါလိမ့်မယ်...'အချစ်လေး.....'
ထယ်ဟျောင်းကို ဂျီမင်းခေါ်လိုက်ခြင်းပင်။ကွက်ခနဲ မျက်နှာပျက်သွားသော ဆယ်နာ။
ဆယ်နာ့ကို စိုက်ကြည့်နေသည်မို့ ဆယ်နာ မျက်နှာပျက်သွားတာကို ထယ်ဟျောင်း အသေအချာကို ေတွ့လိုက်ပါသည်။'ဂျီမင်းရာ!....'
Bombastic side eyesနဲ့ အကြည့်ခံလိုက်ရသော ဂျီမင်း။ရင်ဘတ်ထဲကနာတယ် အချစ်လေးရာ...
မိန်းကလေးတစ်ယောက်အတွက်နဲ့ ငါ့ကို တစ်ခါမှမကြည့်ဖူးတဲ့ အကြည့်တွေနဲ့တောင် ကြည့်နေပြီပေါ့လေ...
နာကျင်ရတယ် ထယ်ဟျောင်းရာ...'အဲလိုမခေါ်ဖို့ မင်းကို ငါ ဆင်ခြင်ခိုင်းထားတယ်မလား....'
'ငါ တောင်းပန်ပါတယ်....'
ညှိုးငယ်တဲ့အသံနဲ့ တောင်းပန်လိုက်တဲ့ဂျီမင်း။ဆယ်နာ့မျက်နှာက ပိုတောင်ပျက်လာသေးတယ်..
ပတ်ဂျီမင်းတို့မွှေချက်ကွာ..
ကျစ်* သက်သက်မဲ့ ငါ့အချစ်ေရးခရီးလမ်းကို လာပိတ်ပင်နေတယ်...
'စားချင်စိတ်လဲမရှိတော့ဘူး!....'
ဂျီမင်းကို လှည့်မကြည့်ဘဲ ဇက်ကနဲ ထွက်သွားတဲ့ ထယ်ဟျောင်းရယ်ပါ။အင်း.....ထမင်းကို ကုန်အောင်မစားသွားဘူး..
မင်းနဲ့လည်း ခက်လိုက်တာ အချစ်ေလးရာ!..မင်းချစ်တဲ့သူက ငါမဟုတ်ရင်
ဘယ်သူ့ကိုမှ မင်းမချစ်ပါစေနဲ့လို့ ငါ ဆုတောင်းနေခဲ့တာ...
အခု ငါ ဘာဆက်လုပ်ရတော့မလဲ?..
ငါ့အချစ်တွေကို မင်းတကယ်ပဲ မမြင်တာလား အချစ်လေးရာ....ဂျီမင်း ဆယ်နာ့ကို ကြည့်ကြည့်လိုက်တော့ ဂျီမင်းကိုကြည့်နေတဲ့ ဆယ်နာ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိတယ်။
အဲမျက်လုံးတွေကို တကယ်မကြိုက်ဘူး!..
ငါ့ကို အဲမျက်လုံးတွေနဲ့ လာမကြည့်နဲ့!!...
မဖြစ်ရဘူး...အချစ်လေး မုန်းတာကို ငါမခံနိုင်ဘူး!..
အချစ်လေးရာ!!....ဘာလို့ သူ့ကိုမှလဲ?!...
ဆယ်နာ မင်းကရော ဘာလို့...!?!ဂျီမင်း အကြည့်လွှဲလိုက်ပြီး ထယ်ဟျောင်းနောက်ကိုပဲ အပြေးလေးလိုက်သွားလိုက်တယ်။
ထယ်ဟျောင်း ဘယ်မှာရှိနေမလဲဆိုတာ ဂျီမင်းအတပ်သိပါသည်။
အခု အချစ်လေးက သူ့မျက်စိရှေ့မှာတင် ရှိနေတယ်။
သူ့ရဲ့ နောက်ကျောပြင်လေးကို ကြည့်ရင်း ဂျီမင်း သက်ပြင်းချမိပါ၏။ဟုတ်ပါတယ်...ထယ်ဟျောင်းရှိနေတာ ခေါင်မိုးထပ်မှာပင်..ဒီနေရာလေးက သူနဲ့ထယ်ဟျောင်း အဖို့ သီးသန့်နေရာလေးတစ်ခု။
ဒီနေရာကို သူ့ကို ထယ်ဟျောင်းခေါ်လာခဲ့တာပင်။ စိတ်ညစ်နေတဲ့အချိန် ဒီခေါင်မိုးထပ်ကနေ ရှုခင်းကြည့်ပြီး အသက်ကိုဝဝရှူလိုက်ရရင် စိတ်သက်သာရာ ရတယ်ဆိုပြီး သူပြောခဲ့တာပင်။သူပြောခဲ့တဲ့ နောက်စကားတစ်ခွန်းကို ပြန်တွေးမိတော့ ဂျီမင်းပြုံးလိုက်မိပါ၏။
သူပြောခဲ့တာက 'အရင်က ဒီနေရာမှာ တစ်ယောက်တည်း စိတ်ညစ်မှုဖြေဖျောက်တာလေ.....အခုကျ မင်းရှိနေတော့ နှစ်ဆ ပိုသက်သာတယ်...' ဆိုတာပင်။ဂျီမင်း ဖွဖွလေးလျှောက်ပြီး သူ့ဘေးနားကို သွားလိုက်သည်။
ထယ်ဟျောင်းက သူတစ်ခုခုကို အာရုံရောက်နေတဲ့အချိန်၊ နစ်မြောနေတဲ့အချိန်ဆို သူ့ဘေးနားမှာ ဘာတွေပဲဖြစ်နေဖြစ်နေ သူ အာရုံမရှိတော့။
ထယ်ဟျောင်းက မတ်တပ်ရပ်လျက်ပင် မျက်လုံးများကိုမှိတ်လျက် လေကို ရှူသွင်းရှူထုတ်လုပ်နေသည်။ ဂျီမင်း ထယ်ဟျောင်း တစိမ့်စိမ့်ငေးကြည့်နေမိသည်။
ကမ္ဘာပေါ်မှာ အလှပဆုံးအလှတရားက မိမိမျက်စိရှေ့တွင်ရှိနေသည်။
တဖြူးဖြူးတိုက်ခတ်ေနတဲ့ေလက ထယ်ဟျောင်းရဲ့ ဆံနွယ်ေလးေတွကို ယိမ်းနွဲ့နေစေသည်မှာ သူ၏ အလှကို ပိုလို့တိုးနေစေေလတယ်...ဘေးတိုက်အလှကတောင် ပြီးပြည့်စုံနေပါ့လား အချစ်လေးရာ...
တစ်နေ့တခြား ပိုပိုချစ်မိလာလို့ ငါတော့ ရူးရချည်ရဲ့!!....