တိုက်ခန်းတံခါးကိုအပြင်ဘက်ကနေအလောတကြီးဖွင့်နေသံကြားလိုက်ရသည်ကြောင့် ရိပေါ်နှုတ်ခမ်းလေးသည်ပြုံးသွားရသည်။
ခရီးကပြန်ရောက်ရောက်ခြင်း ခရီးပန်းဒါဏ်ကြောင့် ရိပေါ်တစ်ယောက်ဖျားနာနေခြင်းဖြစ်သည်။ ဒါကြောင့်အိပ်ခန်းထဲမှာအနားယူနေ၏။
" ဝမ်ရိပေါ် "
ဟော ... တိုက်ခန်းတံခါးဖွင့်သူသည် တိုက်ခန်းထဲရောက်လာသည်နှင့် ဒေါသတကြီးခေါ်လာပြန်သည်ကြောင့် ရိပေါ်ပြုံးရပြန်သည်။ ခဏအကြာ ရိပေါ်ရှိနေသည့် အိပ်ခန်းတံခါးကိုဖွင့်ကာ အခန်းထဲရောက်လာသည့်လူကို ရိပေါ်အပြုံးလေးနဲ့ကြိုဆိုလိုက်သည်။ ရိပေါ်ရှိနေရာအခန်းထဲ အလောတကြီးပြေးဝင်လာသည့် ထိုသူသည်က ရိပေါ်ချစ်ရသူ လိင်တူအမျိုးသားကြီးဒေါက်တာရှောင်းကျန့်ဆိုသူသာဖြစ်၏။
" ကိုယ့်ကိုမင်းချစ်သူဆိုတာ သတိရသေးလားဝမ်ရိပေါ် "
ဝမ်ရိပေါ်ကိုတွေ့သည်နှင့် လေသံမာမာပြုကာမေးလာသည့်ရှောင်းကျန့်ကို ရိပေါ်သွားလေးစိကာပြုံးပြလိုက်သည်။ ဘာပဲပြောပြောရိပေါ်မှားခဲ့တာရှိတယ်မလား။
" အကိုကလဲ "
" အကိုကလဲမနေနဲ့ဝမ်ရိပေါ် ဘာလို့မင်းခရီးသွားတာကိုယ့်ကိုပြောမသွားတာလဲ "
" ပြောရင် အကိုကမလွတ်မှဆိုးလို့ပါ "
မျက်လွှာလေးချကာ မဝင့်မရဲဆိုတဲ့ချစ်ရသူကို ဘယ်သူကဆက်ပြီးဒေါသထွက်နိုင်တော့မှာလဲ။ ထို့ထို့နောက်သက်ပြင်းအသာချသည့်ရှောင်းကျန့်ဟာ ကုတင်ပေါ်မှာအိပ်နေသေးသည့်ဝမ်ရိပေါ်ဘေးနားဝင်ထိုင်လာသည်။
" ကယ်ပြောပါဦးဝမ်ငယ် ဒီတစ်ခါရော ဘယ်ဒေသကိုသွားပြီးဘာထူးဆန်းတာတွေဖြစ်ခဲ့သေးလဲ "
ရိပေါ်ရဲ့အကြောင်းတွေ အူမချေးခါးကအစသိနေသောရှောင်းကျန့်ကို ရိပေါ်အလိမ်အညာစကားမဆိုဝင့်ပါ။ ဒါကြောင့်အမှန်အတိုင်းပင် ရိပေါ်ဟာနယ်စပ်မြို့လေးတစ်မြို့ကိုရောက်သွားကြောင်း ထိုနယ်စပ်မြို့လေးရဲ့စီးပွားရေးအလေးရဲ့စီးပွားရေးအကြောင်းအရာကစ ထိုနယ်မြို့လေးရဲ့တည်းခိုဆောင်က သရဲမအကြောင်းကိုပါပြောပြလိုက်သည့်အခါ ရှောင်းကျန့်သည်မျက်လုံးများပင်ပြူးသွားရသည်။