8

8.1K 93 9
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 8

မင်းအဏ္ဍဝါ ရေချိုးပြီးထွက်လာတဲ့ထိ နှင်းက အိပ်ရာထဲမှာ တရှိုက်ရှိုက်ငိုနေဆဲဖြစ်သည်။ ခါးမှာပတ်ထားသည့် တဘက်ကို ပုဆိုးနဲ့လဲဖို့ လိုက်ရှာရင်း နှင်းကို ကြည့်လိုက်၏။ အိပ်ရာထဲမှာ ကလေးတစ်ယောက်လို ငိုနေသည်။ ဒါတွေကို သူမကြိုက်ပေ။

"ဟိုတစ်ယောက်...ငိုမနေနဲ့...ထ...သွား....ရေချိုး"

သူက အမိန့်ဆန်ဆန်ပြောပေမဲ့ နှင်းက ခေါင်းပင်ထောင်မကြည့်ပေ။

သူစိတ်မရှည်စွာ အနားတိုးသွားပြီး စောင်တွေ ဆွဲဖယ်ပစ်သည်။

လက်ကနေ တရွတ်တိုက်ဆွဲပြီး ရေချိုးခန်းထဲ ထည့်လိုက်၏။

နှင်းမှာ မိမွေးတိုင်း ဖမွေးတိုင်း အထဲရောက်သွားသည်။

"မင်းကိုယ်လုံးက fu*CK ထားတဲ့အနံ့ထွက်နေတယ်...ကျုပ်မကြိုက်ဘူး....ရေချိုးလိုက်....ကြားလား...."

နှင်းက သူ့စကားကို နားမထောင်ဘဲ ပေကပ်ကပ်ရပ်နေသည်။

"ဘာလဲ .... ရေချိုးခန်းထဲမှာ တစ်ချီထပ်ဖြစ်ချင်လို့လား....ဟမ်...."

သူအော်လိုက်တဲ့ စကားကြောင့် နှင်းမျက်ရည်ကျပြီး သူ့ကို မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ကြည့်လိုက်တယ်။

ဘာမှမပြောဘဲ ရေချိုးရင်း အကြာကြီးငိုပစ်လိုက်မိတယ်။ နှင်းထွက်လာတော့ သူက အဝတ်စားလဲပြီးနေပြီ။

နှင်းလည်း ဂါဝန်လေးတစ်ထည်ဝတ်ကာ အိပ်ရာမှာ ပြန်ခွေလိုက်၏။ သူ့ကြောင့် တစ်ကိုယ်လုံးလည်း ညောင်းကိုက်ရပြီး ဝမ်းလည်းနည်းနေရသည်။

"ဟိုတစ်ယောက်...မင်းကို အိပ်ခိုင်းလို့လား...ထ..."

"နှင်း အိပ်ချင်တယ်"

"မအိပ်နဲ့...ထမင်းသွားပြင်....စောစောက အရည်သောက်ချက်တာသင်ပေးဆို...အခုသင်ပေးမယ်ထ"

"မသင်ချင်တော့ဘူး"

"မရဘူးထ....ကျုပ်က ထဆိုထလိုက်"

သူက အမိန့်ပေးတဲ့အခါ နှင်း ငိုချင်စိတ်တို့ထိန်းမရဘဲ ငိုလိုက်မိတယ်။ သူက လက်ကနေတရွတ်တိုက် ဆွဲခေါ်လာပြီး မီးဖိုချောင်ထဲ ဝင်ခိုင်းတယ်။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now