Chapter 7⚠︎

1.4K 36 1
                                    

"ခများစောက်ပေါက် ပိတ်ထား!!"

ရိပေါ်က ပိတ်အော်လိုက်တာကြောင့် ရှောင်ကျန့်အဒေါ်လန့်သွားရသည်။ ထို့အတူ ရှောင်ကျန့်လေးခမျာ ရိပေါ်အော်သံကြောင့် တုန်သွားရသည်။ ဒါကို သတိထားမိတဲ့ရိပေါ်က အသံကို အချိုမြိန်ဆုံးထားကာ

"ကိုယ့်ရဲ့ ပေါင်ပေ့လေး လန့်သွားတာလား"

"ဟင့်....ဟုတ်"

"အာယား...သွေ့ပုချီပါ ပေါင်ပေ့လေးရယ်။

ရှောင်ကျန့်ရဲ့ ခေါင်းလေးကို ဖွဖွပုတ်ပေးပြီး ရင်ခွင်ထဲ ဖက်ထားလိုက်သည်။ ထို့စဉ် အိမ်ထဲကို ဒေါက်ဖိနပ်သံ တခွပ်ခွပ်နဲ့ ဝင်လာသည့် မိန်းကလေးတစ်ဉီး။ သူမကတော့ ရှောင်ကျန့်လေးရဲ့ အမဝမ်းကွဲ ရှောင်းလီလီပင်

"မား.....ဘယ်သူတွေရောက်နေတာလဲ"

အသံက ချွဲပြစ်နေသည့်အသံဖြင့် မိခင်ဖြစ်သူအား မေးလိုက်သည်။ သူမအိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့က တန်ဖိုးကြီးကားတစ်စီးကြောင့် တစ်ယောက်ယောက်ရောက်နေမှန်းသိလိုက်သည်။ ထို့ကြောင့် အသံကို နဂိုထပ်ပိုပြီး ချွဲကာ ပြောလိုက်ခြင်းဖြစ်သည်။

"ဘယ်သူရောက်ကမှာလဲသမီးရယ်။ ရှောင်းရှောင်ကျန့်ပေါ့! မနေ့ညကလည်း အိမ်ပြန်မလာဘူး။ အခုပြန်လာတော့လည်း ယောက်ျားတစ်ယောက်နဲ့ စိတ်ပျက်စရာအေ"

ရှောင်းလီအမေက ရှောင်ကျန့်အား ရွံရှာသည့်ပုံဖြင့် မဲ့ရွဲ့ကာ ပြောလိုက်သည်။

"ဟမ် ဘယ်သူလဲ!"

"ဒီလူပေါ့ လူကြီးကို မရိုမသေနဲ့"

မားပြောတော့မှ တစ်ဖက်ကလူကို သတိပြုမိပြီး ကြည့်လိုက်မိသည်။ ထိုလူအား မြင်သည်နှင့် ရှောင်းလီ ထခုန်မတက်ပျော်သွားရသည်။

"သူ သူဌေးဝမ်!!"

"ဟမ် ဘယ်သူလဲ။ သူဌေးဝမ်က"

"သူ သူလေ"

ရှောင်းလီ အရပ်ရှည်ရှည်နဲ့လူကို ပြပြီး ရိပေါ်အနားကပ်ကာ ရုံးပတေသီး လုပ်တော့သည်။
ရှောင်းလီ အမေကတော့ သူ့ရှေ့ကလူငယ်ကို ပါးစပ်အဟောင်းသား စိုက်ကြည့်နေလေသည်။

The Height Boss is My HusbandWhere stories live. Discover now