Unicode
ညနေ အားလုံး လူစုံတော့ ထယ်ယောင်းနဲ့ ဂျောင်ဂုလည်း သူဌေးကြီးနဲ့ ယွန်းမီရှေ့ ဒူးထောက်လိုက်ကြသည်။
"သားတို့ ဘာလုပ်ကြတာလည်း ဒယ်ဒီတို့ကို ပြောစရာရှိတယ်ဆိုပြီး ဘာလို့ဒူးထောက်နေတာလည်း ဒီတိုင်းပြောကြပါ..."
"မဟုတ်ဘူး ဒယ်ဒီ ကျွန်တော်ပြောမဲ့ စကားက အရမ်းအရေးကြီးတယ် ဒယ်ဒီရော အန်တီရော သေချာနားထောင်ပေးပါ... နားထောင်ပြီးလို့ ဒယ်ဒီနဲ့အန်တီ မကျေနပ်ဘူးဆိုလည်း ကျွန်တော်တို့ ဒယ်ဒီနဲ့အန်တီပေးတဲ့ အပြစ်ကိုခံယူပါ့မယ်..."
"အေးပါ ဒါဆိုလည်း သားတို့ပြောမဲ့စကားကိုသာပြောတာ ဒယ်ဒီတို့နားထောင်ပါ့မယ်..."
"ဟုတ် ဒယ်ဒီ ကျွန်တော်နဲ့ ထယ် ချစ်သူတွေဖြစ်နေပါပြီ ပြီးတော့ ထယ့်မှာ ကျွန်တော်နဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထားရပါပြီ..."
ဂျောင်ဂုစကားအဆုံး သူဌေးကြီးရော ယွန်းမီပါအံ့သြလွန်း၍ ဘာမှပြန်မပြောနိုင်သေး
"အဲ့ဒါ ဒယ်ဒီတို့ ခွင့်ပြုမယ်ဆို ကျွန်တော် ထယ့်ကို လက်ထပ်ချင်ပါတယ်..."
သူဌေးကြီးလည်း သက်ပျင်းချကာ ထယ်ယောင်းကိုကြည့်၍
"သားငယ် မင်းကိုကိုပြောတာတွေက တကယ်လား မင်းမှာအခု ကိုယ်ဝန်ရှိနေတယ်ဆိုတာရော တကယ်ပဲလား..."
"ဟုတ်...ဟုတ်ပါတယ် ဒယ်ဒီ ..."
သူဌေးကြီးလည်းထယ်ယောင်းဝန်ခံချက်အဆုံး ယွန်းမီကို လှည့်ကြည့်မိသည်။
"ကယ် ယွန်းမီ ယွန်းမီ ကလေးနှစ်ယောက်ကို ဘယ်လို လုပ်ပေးဖို့ ဆန္ဒရှိလည်း..."
"ကျွန်မလည်း မပြောတက်တော့ပါဘူး အကိုရယ် အကိုကောင်းသလိုသာ စီစဥ်လိုက်ပါတော့..."
ယွန်းမီလည်း ထိုသို့ပြောပြီး ထိုနေရာမှ ထသွားတော့သည်။
ထယ်ယောင်းမှာလည်း သူ့အမေ ထသွား၍ သူ့အမေနောက်ပြေးလိုက်သွားတော့သည်။
"မေမေ... မေမေ..."
"ဘာလို့မေမေ နောက်ကို လိုက်လာတာလည်း သားရယ်..."
"မေမေ ကျွန်တော့်လို သားဆိုး ကို ခွင့်လွှတ်ပေးပါနော် ကျွန်တော် မေမေအပေါ် မျက်နှာပျက်အောင် လုပ်ခဲ့မိပြီ...."
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!