အပိုင်း ( ၂ )

13 2 0
                                    

ဒဖ်ဖဒယ်လ်နှင့်အတူ လူနာ( Luna )၊ဒဖ်ဖဒယ်၏ညီမ အော်ခရဒ် ( Orchid )၊ ဂျက်ခ်( Jack )၊‌ဝီလိယမ် ( William )နှင့် ချာလီ( Charlie )တို့သည်ပျော်ပွဲစားထွက်ရန်လိုအပ်သည်ပစ္စည်းများကိုပြင်နေကြသည်။ဒဖ်ဖဒယ်လ်သည် သူမ၏ သူငယ်ချင်းများကိုကြည့်၍ ပြုံးနေခဲ့၏။ဂျက်ခ်ထံမှ “ ပြင်လိုဆင်လိုပြီကြပြီးလား ”ဟုပြောလိုက်သည်။

ဝီလီယမ်မှ “ Yes sir ပြီးပါပြီ ဆရာ ဆရာရော ဆရာပစ္စည်းတွေကို သေချာထည့်ပြီးပြီလား ”ဝီလီယမ်နောက်တီးနောက်တောက်လုပ်နေသည်ကိုကြည့်၍မိန်းကလေးတစ်သိုက်သည် ရီမောနေကြသည်။‌ဒဖ်ဖဒယ်လ်မှ “ ဝီလီယမ်နောက်တီး‌နောက်တောက်ဟဲ ဟဲ့လာဦး ငါနင်ကို‌မေးစရာ ရှိတယ် အဲဒီတောကြီးက လုံခြုံ စိတ်ချရလို့လား ” ဝီလီယမ်သည် ယုံကြည်မှုအပြည့်‌နှင့် “ လုံလဲလုံခြုတယ် အဆင်လဲပြေတယ် ဘာအန္တရာယ်မှ မရှိပါဘူး ”

ဒဖ်ဖဒယ်လ်သည် သူမတို့၏သူငယ်ချင်းတစ်စု ဘေးကင်းလုံခြုံဖိုကိုသာ အဓိကထားစဉ်းနေမိသည်။ ဒဖ်ဖဒယ်လ်သည် သူငယ်ချင်းတွေအပေါ် အလွန်ချစ်မြတ်နိုးသူဖြစ်၏။ဒဖ်ဖဒယ်လ် သူမတို့သူငယ်ချင်းတစ်စု အန္တရာယ်မကျရောက်ရန်တွေးမိနေသည် ထိုနောက်သူမ၏ညီမ အော်ရ်ခရဒ်ထံမှ “ မမ ..မမ..” ဒဖ်ဖဒယ်လ်မှာ အော်ရ်ခရဒ်၏‌ခေါ် ‌သံကို မကြားတော့ပေ။

“ မမရေ...  ”ဟုထပ်၍ခေါ်သောအခါမှကြားတော့သည်။ ဒဖ်ဖဒယ်လ်သည် သူမ၏ညီမ အော်ခရဒ်ကိုကြောင်အမ်းအမ်နှင့်ကြည်၍ “ ဟမ် အင်း ဘာလဲပြော ”  “ ဘာတွေ တွေးနေတာလဲ ” “ ဘာမှမ‌တွေးပါဘူး။နင်ဘာပြောမလို့လဲ ပြော စရာရှိတာမြန်မြန်ပြောလေ ”  “ ဪ! ငါပြောဦးမယ် အဲဒီတောကြီးက ဘေးကင်းလုံခြုံရဲ့လား? ”

ဒဖ်ဖဒယ်လ်ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။ “ မမ နင်ကလဲဟာပြောမှဖြစ်ပြော‌နော် အဲဒီတောကြီးအကြောင်း ငါသိထားတယ်။ အဲဒီတောကြီးက အန္တရာယ်များတယ်လို့ပြောကြတယ်။သွားရင်ကောင်းမလား မသွားရင်ကောင်းမလား စဉ်းစားပြီးပြန်ပြောဦးကြားလား ” ထိုနောက်သူမတို့၏ အစီအစဉ်ပြတ်သွားမည် စိုး၍ သူမ၏ညီမကို “ အော်ခရဒ်ရယ် နင်ကလဲအဲဒါသူများတွေ လျှောက်ပြောတာနေမှာပါဟာ ဘာမှမပူနဲ့ ” ဟုပြောလိုက်သည်။

ဒဖ်ဖဒယ်လ်သည် သူမ၏သူငယ်ချင်းများကိုကြည့်၍‌ပြုံးမိသည်။သို့သော်သူမတို့ ကြုံတွေ့မည့် အန္တရာယ်ကိုသိခဲ့ရင် ဒဖ်ဖဒယ်လ်သည် သူမ၏သူငယ်ချင်းများအာလုံးကို ထိုတောအုပ်ကြီးဆီသို့ခေါ် သွားခဲ့မည်မဟုတ်ပေ။ “ ဒဖ်ဖဒယ်လ်ဘာတွေ တွေး‌နေတာလဲ။ ”  ဒဖ်ဖဒယ်လ်မှ  “ Oh my God ! ” ဟု အာမေဍိတ်သံထွက်ပေါ်လာခဲ့သည်။

ဂျက်ခ် ဒဖ်ဖဒယ်လ်ကိုကြည့်၍ “ ဒဖ်ဖဒယ်လ် ဘာလို့အော်တာလဲငါလန့်သွားတာဘဲ။ ” “ sorry ပါငါ လန့်သွားလို့ ဘာပြောလိုက်တာ ” “ ဪ ဒဖ်ဖဒယ်လ် ရယ် ဘာတွေ‌တွေးနေတာလဲလို့ ငါကနင်ကိုမေးတာ် သိလား ” ဒဖ်ဖဒယ်လ်မှာ ယုန်သူငယ်ကဲ့သို့ “ ငါ က အိုင်ရစ် အကြောင်းတွေး နေတာသူမ မလိုက်တော့ဘူးလား မသိဘူး ” “ ဪ! အေး ဟုတ်တယ်နော်။ အခုထိ‌လည်ူရောက်မလားသေးဘူး။ ” ဟု ဂျက်ပြန်ပြောလိုက်၏။

ဒဖ်ဖဒယ်လ်သည် အိုင်ရစ်ကိုဖုန်းဆက်လိုက်သည်။ ဒဖ်ဖဒယ်လ်သည် တစ်ဖက်ဖုန်းကိုင်လိုက်သည်နှင့် “ အိုင်ရစ် နင်မလာ သေးဘူးလား ” ထိုနောက် ဖုန်းထဲမှ သာယာသောအသံဖြင့် “ Hello ဒဖ်ဖဒယ်လ် ဒီနေ့ငါ နင်တို့နဲ့ လိုက်လို့မရတော့ဘူး။ ငါ ပါပါ က ငါကိုမလိုက်နဲ့ဦးတဲ့ အဘွားနဲ့အဖိုးအိမ်ကိုသွားရမယ် လို့ပြောတယ် ငါကနင်တိုနဲ့လိုက်ချင်တာ သိရဲ့သား ဒီလိုဖြစ်မှတော့ဘယ်တက်နိုင်မလဲ။  ” “ ဟာနင်မပါတော့ပျင်းစရာကြီးပေါ့ ”

“ ဟုတ်ပါတယ် ဒါဆို ငါဖုန်းချလိုက်တော့မယ်နော် ” ဒဖ်ဖဒယ်လ်သည် လေးလံသောစိတ်နှင့် “ Okay! ” ဟုပြန်ပြောလိုက်သည်။ ဒဖ်ဖဒယ်လ်သည်သူမ၏ သူငယ်ချင်းများကို “ သူငယ်ချင်းတို့ ဒီပျော်ပွဲစားကိုလဲ မလိုက်နိုင်တော့ဘူးတဲ့ သူအဘိုးတို့အိမ်ကိုသွားရမှာမို့လို့ ” ဟုပြောလိုက်သည်။ဒဖ်ဖဒယ်လ်သည် သူမတို့နှင့် အိုင်ရစ်မလိုက်နိုင်သည်ကို စိတ်မကောင်းဖြစ်နေ၏။

တောအုပ်ကြီးWhere stories live. Discover now