Little Bomb 💣 ¹⁶

246 28 2
                                    

အဲ့နေ့ညက ကျတော်တို့ပြဿနာကြီးကြီးမားမားမတက်ခဲ့ပါဘူး၊ ပြဿနာမတက်ဆို....သူနဲ့ကျတော်နဲ့က ဘာမှမဆိုင်ဘူး‌လေ။

သူက‌လည်း ကျတော့်ကိုရှင်းပြခြင်းမရှိဘူး။

ကျတော့်ကိုမျက်နှာတ‌စ်ချက်အပျက်မခံတဲ့သူက၊ အဲ့အမျိုးသမီးလာတဲ့‌နေ့ရဲ့  ညမှာတင် ကျတော့်ကို လစ်လျှူရှူခဲ့သည်။

ကျတော်တစ်ညလုံးခိုက်ခိုက်တုန်အောင် ငိုနေတာတောင် ကျတော့်နောက်ကသူကတော့ ကျတော့်ကို ကျောခိုင်းပြီး အိပ်နေတယ်။

သူက ကျတော့် ကိုချစ်တယ်လို့ထင်ရ‌ ပေမဲ့ အခု သူကတစ်ခြားတစ်ယောက်ရှိခဲ့တယ်တဲ့လေ။

ကျတော်က ပထမပဲဖြစ်ချင်တာ။ အစနဲ့အဆုံးရှိတယ်ဆိုရင် ကျတော်နဲ့စပြီး ကျတော်နဲ့ပဲဆုံးစေချင်တာ။

သူကတော့ တခြားတစ်ယောက်နဲ့စပြီး ကျတော်နဲ့ဆုံးချင်တာမျိူး... လက်မခံဘူး။
ဒါကြောင့် ကျတော်ဒီကနေထွက်သွားတော့မယ်။

"သခင်လေးWat"

"အော် ငဖု၊ Phuwinလာလေ"

"သခင်လေး မသွားလို့မရဘူးလား၊ သခင်လေးWitက သခင်လေးကိုချစ်ပါတယ် ပြီးတော့ အဲ့အမျိုးသမီးက သိပ်ဆိုးတာ၊ သူက..."

"ဟင့်အင်း မပြောနဲ့ Phuwin၊ သူတောင်မရှင်းပြတဲ့ ကိစ္စကို သူ့ဆီကမဟုတ်ရင် မကြားချင်ဘူး"

"သခင်လေး မသွားပါနဲ့၊ ပြန်အဆင်ပြေသွားမှာပါ။"

"မရဘူး Phuwin ၊ ငါကဒါတွေကိုခံစားနိုင်မယ်မထင်ဘူး၊ ငါဘယ်သူ့ကိုမှမချစ်ဖူးသလို ဘယ်သူ့ကိုမှလည်း ချစ်ခွင့်မပေးဘူး။ သူ့ကိုအဲ့အခွင့်အရေးပေးခဲ့ပေမဲ့ သူကရက်စက်လွန်းတယ် ငါ့နှလုံးသားက ဒါတွေကိုကြာကြာခံနိုင်မယ်မထင်ဘူး"

"သခင်လေးရယ်..."

သခင်လေးကပြောရင်း မျက်ရည်တွေကျနေသည်။ ဖု၀င်က လက်ကိုင်ကာ နှစ်သိမ့်ပေးနေရှာသည်။ ဒီကမ္ဘာမှာသူနဲ့ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်တကယ့် ကမ္ဘာမှာတော့ သူကကျနော့်သူငယ်ချင်းပဲ။

ကျတော်လိုနေတဲ့ နွေးထွေးမှုက သူ့မှာတော့ရှိနေ‌ပါသေးတယ်။

Married To The Death ManWhere stories live. Discover now