Part.17

3K 65 0
                                    

[နှလုံးသားရဲ့စကားသံကိုနားထောင်ပါ]

လေညှင်းကိုယ်ဝန်နဲ့မို့ဆိုင်မဖွင့်နိုင်တာကြောင့်မမကပဲသူမအစားဆိုင်ကိုဦးစီးပေးလေသည်။

မမကသူမထက်ပိုပြီးဒီဇိုင်းဆွဲတော်တာမို့မမကဆိုင်ကိုသေချာrunနိုင်မယ််လို့လေညှင်းထင်သည်။

''အန်တီလေးသိလား လေးလေးကလေ ချယ်ရီ့ရဲ့မင်္ဂလာဝတ်စုံကိုမီးရှို့ပစ်လိုက်တာ ချယ်ရီဖြင့်နှမြောလိုက်တာ''

ချယ်ရီ့ကို မင်းမြတ်ကအိမ်မှာတစ်ယောက်တည်းစိတ်မချ၍သူမတို့ဆီကိုလာပို့ထားခြင်းပင်။
သူမတို့နှစ်​ယောက်စကားစပ်မိစပ်ရာပြောကြရင်းချယ်ရီကသူမမင်္ဂလာဝတ်စုံအကြောင်းပြောပြရာလေညှင်းမျက်ခုံးလေးတွေပင့်တက်သွားရသည်။

လေညှင်းအဲ့ဝတ်စုံအတွက်အချိန်အများကြီးပေးထားပြီးအားစိုက်ထုတ်ထားခဲ့ရတာ။
သူကတော့မီးရှို့ပစ်သတဲ့။

''အဲတုန်းကလေးလေးရုပ်ကိုအန်တီလေးကိုမြင်စေချင်တယ်သိလား အရမ်းကြောက်စရာကောင်းလွန်းလို့ ပြီးတော့လေ လေးလေးကကျူးလစ်ပန်းဆိုဘယ်လိုမုန်းလို့မုန်းမှန်းမသိတာ ဓာတ်ပုံတောင်မမြင်ချင်ဘူးဆိုပဲ''

လေညှင်းနဲ့မမကကျူးလစ်ပန်းကိုသိပ်ကြိုက်ကြသူတွေ။

ချယ်ရီကသူ့ရှေ့ကလေချူသီးတွေကိုတစ်လုံးပြီးတစ်လုံးခွာစားရင်းစကားကောင်းနေတာပင်။

''ပြီးတော့လေးလေးကအန်တီလေးနဲ့ကျမှပြုံးတတ်လာပြီးနူးညံ့လာတယ်ပြောရမယ် အရင်ကဆိုမျက်နှာတည်တည်ကြီးနဲ့ လေးလေးကအန်တီလေးကိုတစ်ကယ်ချစ်တာ ရော့ အသီးစား''

လေညှင်းခပ်သဲ့သဲ့ပြောရင်းချယ်ရီကမ်းပေးလာတဲ့အခွံခွာပြီးသားလေချူသီးလေးအားယူစားလိုက်သည်။
သူကသိပ်ပြီးအငြှိုးကြီးသလိုအချစ်လည်းကြီးပုံပင်။

__________

ညနေသူအိမ်ပြန်လာတော့လေညှင်းသူ့အင်္ကျီကြယ်သီးအားဖြုတ်ပေးရင်း

''ဟိုလေ''

လေညှင်းသူ့အားဘယ်ကစပြောရမလဲမသိ။

''ဘေဘီကိုယ့်ကိုပြောစရာရှိလို့လား''

''အင်း ချယ်ရီကပြောတယ် hubbyသူ့မင်္ဂလာဝတ်စုံကိုမီးရှို့လိုက်တယ်တဲ့''

လိုချင်တယ်...အချစ် [completed]Where stories live. Discover now