အခန်း(၄၇၅)

55 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၄၇၅) : ရည်မှန်းချက်

ဝမ်ဝေ့က ကိစ္စများအား ပိုမိုရိုးရှင်းစေလိုသည့်အတွက် ကျီစုအား သူ့စမ်းသပ်ချက် ဖြစ်လိုခဲ့သည်။ ကံဆိုးသည်က သူ့ကံဆက်နွယ်မှုက အတူတူသာ ဖြစ်နေသေး၏။ မည်သို့ပင်ဆိုစေကာမူ သူက ဤအတွေ့အကြုံမှ ကိစ္စတချို့ကို သင်ယူခဲ့ရသည်။

နမူနာအားဖြင့် သူ့အနေနှင့် ဓားမော့ကိုင်ဆောင်သူသည် ကောင်းကောင်းသိသည့်သူ မဟုတ်ဘဲ သူ့အပြုအမူများကြောင့် ရှိလာသူဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူက ဤထင်မြင်ချက်ကို အသုံးပြုပြီး ရှာဖို့ရာ ပြင်ဆင်ထားသည်။

ဒုတိယအနေဖြင့် သူသည် အမုန်းတရားကျိန်စာသည် သွေးမျိုးဆက်ကျိန်စာနှင့် တူညီသည့် အရင်းအမြစ်များ ဖြစ်ကြောင်း သင်ယူခဲ့ရသည်။ ထိုဖန်တီးသူ၏ ရည်ရွယ်ချက်က လူများအား ကျင့်ကြံဆင့် မည်မျှဖြစ်စေကာမူ တန်ကြေးပေးသရွေ့ သူတို့၏ ရန်သူကို သတ်ဖြတ်ဖို့ အခွင့်အရေးပေးလိုခြင်း ဖြစ်၏။

ဤအတွေ့အကြုံအပြီးတွင် သူက ကျိန်စာကို လေ့လာဖို့ ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် သူတို့ကို တားဆီးဖို့ နည်းလမ်း ဖြစ်၏။ ထို့အပြင် သူက အရိုးကိုယ်ပွားစွမ်းရည်ကို တိုးမြှင့်ဖို့ အချိန်များစွာ ယူခဲ့ရသည်။ ဤအံ့ဖွယ်စွမ်းရည်က သူ့အသက်ကို အန္တရာယ်အများဆုံး အခြေအနေများမှ ကာကွယ်ပေးနိုင်သည်။

" စွင်းကျောင်းလုံက ဘယ်မှာလဲ" ဝမ်ဝေ့က လက်ဟန်ပြကာ မေးလိုက်သည်။

" ကျွန်တော် အစ်ကိုကြီးကို ကာကွယ်နေတုန်း သူ ထွက်ပြေးသွားတယ်။" လီကျွင်းက ပြန်ဖြေလိုက်သည် " သူမ အရမ်းအားကောင်းတဲ့ လေဟာနယ်ဖြိုခွင်းရေးအဆောင် ရှိတယ်"

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် တစ်နေရာအား လှမ်းကြည့်လိုက်သည်။ သူက ကိုယ်ပွားကို ဂိုဏ်းဆီ မပို့ဆောင်ခင် အသစ်ပုန်းအောင်းရာနေရာကို ဦးတည်လိုက်၏။ သူက မဟာကျိုးအခြေအနေနှင့် ပတ်သက်၍ သိချင်နေမိသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now