><🐷

409 34 3
                                    

Unicode

သာယာလှတဲ့ ကျေးရွှာမှာနေရတာက စိတ်ချမ်းသာ ကောင်းတယ်ဆိုပေမဲ့ ရွှာက ငမွှေထိုး 109/110တွေ နဲ့တွေ့ရင်တော့ တော်တော် စိတ်ပြတ်ဖို့ ကောင်းတယ်

ဒီရွှာက အပင်တွေထူထပ်တာ‌ေြကာင့် နေ့လည် နေ့ခင်း နေ ပူရင်တောင် အပင်အရိပ် တွေနဲ့ အေးမြ သာယာနေတယ် မနက်ခင်းပိုင်းဆို ငှက်ကလေးတွေ တေးသီသံ သာယာ စွာ ထွက်ပေါ်နေတယ်
နေ့လည်နေ့ခင်းဆိူ လေလေး တဖြူဖြူးနဲ့ ရွှာသူရွှာသားတွေဟာ အိမ်ရှေ့ ကွက်ပြင်မှာ ထိုင်ရင်း စကားစမြည် ပြောကြတယ် သာယာအေးချမ်းလှတဲ့ရွှာလေးပေါ့

ရွှာမှာ ရန်ဖြစ်တာကတော့ မရှိသလောက်ရှားပေမဲ့ ရန်ကတော့ ဖြစ်လေ့ဖြစ်ထအမြဲရှိတယ် ဒါပေမဲ့ ရန်ဖြစ်ရင်လဲ ထိုဖြစ်နေကြနှစ်ယောက်ကဘဲ ဖြစ်တာ  သူတို့ကတော့

ရွှာသူကြီးရဲ့သာ "ဆောင်းဟွန်း"
နဲ့ ခပ်စွာစွာ ရွာသားလေး "ဂျယ်ယွန်း"တို့ဘဲဖြစ်တယ်

ဆောင်းဟွန်းကတော့ ရွှာရဲ့ အချောဆုံး။လဲ ဖြစ်သလို သူကြီးရဲ့သားလဲ ဖြစ်‌တာ‌ေြကာင့် အားလုံးက မသိသူမရှိ ထူထဲတဲ့မျက်ခုံးမွှေးနဲ့ နှာတံက ခပ်ထင်းထင်း မှဲ့တွေ လူတစ်ယောက်ကို ဆွဲဆောင်နိုင်လွန်းတဲ့အချက်ဘဲဖြစ်တယ် အမြဲ ရွှာထဲလဲ ပတ်‌ေမွှနေတတ်သူဖြစ်တယ် ဂျယ်ယွန်းနဲ့တော့ အမြဲမတည့်

ဂျယ်ယွန်းက တော့ ရွှာရဲ့ ချစ်ဖို့ကောင်းတဲ့ ယောင်္ကျားလေးဖြစ်တယ် အသားက ခပ်ဖွေးဖွေးနဲ့ ဆွဲဆောင် လွန်းတဲ့ ခါးသေးသေးလေးတွေ ယောင်္ကျားလေးနဲ့မတူအောင် လှရက်လွန်းပြီး ဆွဲဆောင်လွန်းတဲ့ နှုတ်ခမ်းဖူးဖူးဘေးတွေ သေးကွေးတဲ့ ခါးသေးသေးလေးတွေက ရူးမတတ်ဘဲ ဒါပေမဲ့ သူကြီးသားဆိုတဲ့ အကောင်နဲ့တော့ဘယ်တော့မှမတည့်

အခုလဲ နှစ်ယောက်သား ရန်ဖြစ်ကာ သူကြီးအိမ်ရောက်ပြန်တယ် သူကြီးကလဲ သူ့သားကို မနိုင်တဲ့အကြည့်နဲ့ ကြည့်ကာ သက်ပြင်းတွေချနေတယ်

"ပြောပါအုံး ဘယ်လိုဖြစ်လာပြန်ပြီလဲ"

သူကြီးက မေးတော့ ‌ဆောင်းဟွန်းက သူကြီးကို အပစ်ကင်းသလိုကြည့်ကာ ရီပြတယ်

Thu Gyi Thar $ PWhere stories live. Discover now