သူတို့နှစ်ယောက် မေ့နေခဲ့တဲ့ ဇာတ်လမ်းလေးရှိပါသည်။Jakeကတော့နောက်ဆုံးအချိန်လေးမှာ မှတ်မိသွားခဲ့ပါတယ်။ဆောင်းဟွန်းကတော့ အခုထိမမှတ်မိသေးဘူး။Jakeကလည်း ပြောမပြနိုင်ခဲ့ပါဘူး။
_______
18.4.2003၄နှစ်အရွယ်ကလေး နှစ်ယောက်က ဂန်းနမ်ကခြံလေးထဲမှာ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆတ်နေခဲ့ကြတယ်
"ဂျယ်ယွန်း မင်းပြန်လာခဲ့နော် "
"ပြန်လာမှာပေါ့ကွ "
"ငါ့ကိုမမေ့ရဘူးနော် "
"ငါက မှတ်ဉာဏ်ကောင်းတယ်ကွ။မင်းသာ ငါ့ကို မမေ့နဲ့။ "
"မင်းက မနက်ဖြန်သွားတော့မှာဆိုတော့ငါတို့ ပန်းခြံထဲမှာ နောက်ဆုံးအတူတူသွားကစားကြရအောင် "
"အင်းပြီးရော "
ကလေးလေးနှစ်ယောက်ဟာ လက်ချင်းတွဲပြီး ပန်းခြံထဲကိုသွားပြီး ဒန်းထိုင်စီးနေကြတယ်
"ဂျယ်ယွန်း ငါတို့အမှတ်တရ တစ်ခုခုလုပ်ခဲ့ကြရအောင် "
"ဘယ်လိုမျိုးလည်း "
"မင်းနဲ့ငါပဲ သိမယ့်ဟာမျိုးလေးပေါ့ကွာ "
"အင်းကောင်းသားပဲ ဒါပေမယ့်ငါတို့ ဘာလုပ်ကြရင်ကောင်းမလဲ "
"အာ.....သိပြီ။ဟိုသစ်ပင်အောက်မှာ ငါတို့ရဲ့ပစ္စည်းလေးတွေ မြုပ်ထားကြမယ်လေ ဘယ်လိုလဲ "
"အင်းကောင်းသားပဲ။ဘာမြုပ်ကြမလဲ "
"ငါတို့ရဲ့ အသုံးဝင်တဲ့ပစ္စည်းလေးတစ်ခုခုပေါ့ "
"အသုံးတဲ့ပစ္စည်း? ငါ့တို့မှာဘာရှိလဲ စဉ်းစားကြည့်"
"ငါ့မှာတော့ အင်္ကျီ ဖိနပ် ခြေအိတ် တွေပဲရှိတယ်"
"ဟုတ်ပြီ ငါတို့ခြေအိတ်လေးတွေမြုပ်ကြရအောင်။ "
"ဒါဆို တစ်ယောက်တစ်ဖက်မြုပ်ရအောင်"
"အိမ်မှာသွားယူကြမလား "
"မယူတော့ဘူးလေ။အခု ဝတ်ထားတဲ့ဟာကိုပဲမြုပ်ကြမယ်လေ "
"ငါ့အမေဆူရင်ဘယ်လိုလုပ်မလဲကွ "
"ဆူဆူကွာ ငါလည်းဆူခံရမှာပဲ "
"ပြီးရောကွာ အဲ့တာဆိုသွားမြုပ်ကြရအောင် "
"အင်း "
ကလေးနှစ်ယောက်က ပန်းခြံထဲက သစ်ပင်လေးနားကိုသွားလိုက်ကြတယ်
"ဆောင်းဟွန်း ငါတို့ဘာနဲ့တူးကြမလဲ "
"လက်ရှိတာပဲ လက်နဲ့တူးကြမယ် "
"ပြီးရော "
သူတို့မြေကြီးကို လက်နဲ့တူးလိုက်တယ်။ပြီးတော့ ခြေအိတ်တစ်ဖက်ဖက်စီချွတ်လိုက်ပြီးနှစ်ခုကို ချည်လိုက်တယ်
"ဆောင်းဟွန်း ဒီတိုင်းထည့်ရင်ညစ်ပတ်သွားမှာပေါ့ကွ။ငါတို့ တစ်ခုခုထဲထည့်ပြီးမြုပ်ရအောင် "
"ဘယ်ထဲထည့်မြုပ်ရမှာလဲ "
"ဟိုမှာ တော့ပူကီဘူးအခွံလေးကွ။အသန့်ပဲထင်တယ် "
ဂျယ်ယွန်းက ဘူးလေးကိုသွားကောက်လိုက်တယ်
"ဘယ်သူက ထားခဲ့လဲမသိပါဘူးကွာ။ငါတို့ဒီထဲပဲ ထည့်ကြတာပေါ့ အဖုံးလေးလဲပါတယ်ကွ။
"အင်း "
သူတို့နှစ်ယောက် ခြေအိတ်လေးနှစ်ခုကို ဘူးထဲထည့်ပြီး အတူတူ မြေမြုပ်လိုက်ကြတယ်။သူတို့လက်လေးတွေကတော့ ပေကျန်နေတာပေါ့
"ငါတို့ပြန်တွေ့ရင် ဒါကိုတူတူလာတူးကြမယ်နော် ဆောင်းဟွန်း "
"အင်း "
"ငါတို့ဒါကိုမေ့လို့မဖြစ်ဘူးနော်။ "
"အင်း ငါတော့ဒီခြေအိတ်လေးတွေကို မနာလိုတယ်။ငါတို့ကြတော့ဝေးဝေးနေရပြီး သူတို့ကတော့ တူတူနေရတယ် "
"ဟုတ်ပ ငါတို့ကဝေးနေရင်တောင် သူတို့က အမြဲပဲနီးနေမှာ "
"ဒါနဲ့ မင်းက ဘယ်ကိုသွားမှာလဲဟင်"
"ငါ့အမေငါ့ကိုပြောပါသေးတယ်။ငါလည်းမေ့သွားပြီ "
"ဟင်....မင်းကလည်း။ငါက မင်းပြန်မလာရင် မင်းဆီလိုက်လာမို့ကွ "
"မင်းလိုက်လာရင် ကောင်းတာပေါ့ ခုငါတျောက်တည်းပျင်းနေရတော့မှာ "
"အဲ့တာတွေထားပါ ငါတို့အခု ကစားကြရအောင် ငါတို့ ဒီနေ့ပြီးရင် ပြန်မတွေ့နိုင်တော့ဘူးလေ"
"အင်း"
ကလေးလေးနှစ်ယောက်ဟာ အတိတ်တွေအနာဂတ်တွေကို မေ့ပစ်ပြီး အပူပင်ကင်းစွာ ပန်ခြံလေးထဲမှာဆော့နေလေတော့သည်။ခြေအိတ်လေးတစ်ယောက်တစ်ဖက်စီနဲ့ပေါ့။
End
**************************