အပိုင်း(၄၉၁)
"တော်သင့်ပြီ။ ငါက ဘာလုပ်ပေးနိုင်မှာ မို့လို့လဲ။ ရှီဝမ်က ငါ့ကိုရော လော့ရှင်းကိုရော အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ ဘာပဲပြောပြော အဖြေက အရင် အဖြေပဲ ထွက်နေဦးမှာပဲ။ စုန့်မိန်းကလေး ပြန်လိုက်ပါတော့"
ရှားကျင်းရီက လှည့်လိုက်ပြီး စုန့်ယန်ရှုကို ခက်ထန်သော အကြည့်ဖြင့် စူးစူးရဲရဲ ကြည့်လာခဲ့သည်။စုန့်ယန်ရှုက ဤနေရာကို ရောက်မလာခင်တည်းက ရလဒ်ကို သူမ ခန့်မှန်းခဲ့မိသည်။ သို့သော်လည်း သူမက လောင်ကြေးထပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထျန်းကျင်းရွှမ် သဘောကျခဲ့ဖူးသည့် အမျိုးသမီးက အသိစိတ် အနည်းငယ် ရှိပြီး သတ္တိ ရှိလိမ့်မည်ဟု တွေးထင်ခဲ့မိသည်။
သို့သော်လည်း ရှားကျင်းရီ၏ တုံ့ပြန်မှုကို ကြားပြီးနောက် စုန့်ယန်ရှု ရယ်မောနေခဲ့သည်။
"မင်းက လော့ရှင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ နောင်တ မရစေနဲ့နော်"
ထိုစကားကို ပြောပြီးနောက် စုန့်ယန်ရှုက မတ်တတ်ထရပ်ပြီး အခန်းအပြင်ဘက် ထွက်သွားခဲ့သည်။ရှားကျင်းရီက တဖြည်းဖြည်းချင်း အကြည့်ပြန်လွှဲလိုက်သည်။ ထိုစဉ်အခိုက်အတမန့် သူမကိုယ်သူမ တစ်ကိုယ်ကောင်းဆန်သည်ဟု ခံစားရသည်။
သူမက ထျန်းကျင်းရွှမ်၏စိတ်နေသဘောထားကို ကောင်းကောင်း သိနေသည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းကျင်းရွှမ်က ကြင်နာတတ်သူ ဖြစ်သည်။သူမ ယခုရင်ဆိုင်နေရသည့် ရွှမ်ရှီဝမ်က ထျန်းကျင်းရွှမ်နှင့် ဆန့်ကျင်ဘက် စရိုက်ရှိသည်။
သို့သော်လည်း ယနေ့ ရှားကျင်းရီ၏ ဆုံးဖြတ်က မှားယွင်းခဲ့ကြောင်း သူမ နောက်ပိုင်းမှ သိလိမ့်မည်။
...
ရှားကျင်းရီ၏နားနေခန်းမှ ထွက်လာပြီးနောက် စုန့်ယန်ရှုက ရှားကျင်းရီ၏အဖြေကို ပြောပြရန် ထျန်းနင်ကို နောက်တစ်ကြိမ် ဖုန်းခေါ်ခဲ့သည်။
ထျန်းနင်က စကားပြန်မပြောခင် စက္ကန့်ပိုင်းမျှ နှုတ်ဆိတ်နေခဲ့သည်။
"ဒါဆိုရင် အခုကစပြီးတော့ ငါတို့ ဘာပဲလုပ်လုပ် အဲဒီမိန်းမအတွက် ထည့်တွက် စဉ်းစားဖို့ မလိုအပ်တော့ဘူး"