Part.3

1.3K 41 0
                                    

Unicode

လက်ရှိပစ္စုပ္ပန်

တိမ်ယံအလုပ်သွားဖို့ပြင်ဆင်ပြီးအခန်းထဲပထွက်လာတော့မိုးသားကသူ့အခန်းရှေ့မှာခွေခွေလေးအိပ်ပျော်နေတာကြောင့်သူစိတ်ရှုပ်စွာဖြင့်

''ကျစ်...မိုးသားချို ခုထစမ်း''

သူ့အသံကြားတာနဲ့မိုးသားကအိပ်ပျော်နေရာမှဆတ်ခနဲလန့်နိုးလာပြီးကြမ်းပေါ်မှကုန်းရုန်းထကာ

''ကိုကို ဆိုင်သွားတော့မှာလား မိုးသားမျက်နှာသစ်ပြီးကိုကို့အတွက်မနက်စာပြင်ပေးမယ်နော်''

ပြောပြီးသူမကိုကို့ရှေ့ကလှည့်ထွက်လာဖို့လုပ်တော့ကိုကိုကသူမလက်ကိုဆောင့်ဆွဲကာလက်ကောက်ဝတ်ကိုခပ်ကြမ်းကြမ်းဖိ၍

''ငါဘယ်နှစ်ခါပြောရမှာလဲ မင်းလက်နဲ့ထိထားတာတွေဆိုငါဘာမှမစားချင်ဘူးလို့ မင်းလူလိုနားမလည်ဘူးလား''

ညကကိုကိုတွန်းလိုက်တဲ့အချိန်လက်ထောက်လျက်လဲကျသွားတာမို့လက်ကောက်ဝတ်ကနာနေချိန် အခုကိုကိုကအဲ့လက်ကိုပဲအားနဲ့ဖိထားတာမို့မိုးသားအရမ်းပဲနာကျင်လာရသည်။

ဒါပေမယ့်နာတယ်လို့မညီးရဲ။အဲလိုသာဆိုကိုကိုကသူမကိုဒီ့ထက်ပိုပြီးနာကျင်အောင်လုပ်မှာသိနေလို့ပင်။

''တောင်းပန်ပါတယ်ကိုကို နောက်ဆိုကိုကိုမကြိုက်တာမလုပ်တော့ပါဘူး''

ထိုအခါမှကိုကိုကသူမလက်အားဆောင့်ခနဲလွှတ်ပြီးအိမ်ပေါ်ထပ်မှဆင်းသွားလေ၏။

မိုးသားကတော့နီရဲ​ရောင်ရမ်းနေသောလက်ကောက်ဝတ်လေးကိုဆုပ်ကိုင်ရင်းကျန်ခဲ့ရသည်။

___________

မိုးသားကိုယ့်လက်ကိုဆေးပြန်လိမ်းရင်းရင်ထဲမှာဝမ်းနည်းစိတ်ကလှိုက်တက်လာရကာမျက်ရည်တွေကပါးပြင်ပေါ်သို့စီးကျလာရသည်။

ကိုကို့ရဲ့အမုန်းတွေကမိုးသားအား​ေ.သစေဖို့အထိများရည်ရွယ်နေမလားမသိ။

ထိုစဥ်

''တီတောင် တီတောင်''

ခြံရှေ့ကဘဲလ်သံကြောင့်မိုးသားအိမ်ထဲကထွက်လာပြီးခြံတံခါးဖွင့်ပေးလိုက်တော့ကားတစ်စီးကခြံထဲမောင်းဝင်လာလေ၏။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now