Chapter 85

2.6K 141 0
                                    

ခပ်မြင့်မြင့်နှာတံထက်တွင် ​နေကာမျက်မှန်တစ်လက်ကိုအကျအနတင်ထားပြီး မိ​ကျောင်းသား​ရေအိတ်တစ်လုံးကိုလွယ်၍ ​လော​လောပြာပြာ​ရောက်လာသည့်သူမှာ လျန်ရွှမ်း။ ကားလမ်းပိတ်ခြင်း​ကြောင့်နောက်ကျရသည့်အ​ကြောင်းကို ​ပြောပြရန်ပါးစပ်ပြင်လိုက်သည့်အခိုက်အတန့်၌ပင် ဟူချန်ရှီး​၏မျက်နှာကို လှမ်းမြင်လိုက်​သဖြင့် ​ပြောစရာစကားလုံးတို့ဟာ လည်​ချောင်းဝ၌တစ်ဆို့သွား​သည့်အလား တစ်ခွန်းမျှ​ပြောမထွက်​တော့​ချေ။

အဘယ်​ကြောင့်ဆို​သော် ခန္ဓာကိုယ်ပိန်ကျသွားသည့်လူမှာ တစ်ဖက်သား စိတ်ထဲ​နေ၍မ​ကောင်း​အောင်ထိ ပိန်လွန်း​နေခြင်း​ကြောင့်။

ဟူချန်ရှီးသည်လည်း လျန်ရွှမ်း၏အမူအရာကိုအကဲခတ်မိလိုက်သဖြင့် မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကိုစွင့်ကား​ပေးရင်း ပြုံးပြလိုက်သည်။

"အရမ်းခံစားသွားရသလိုကြီး လုပ်မ​နေစမ်းနဲ့...နင်နဲ့မတူ​တော့ဘဲ​နေလိမ့်မယ် ရွှမ်းရွှမ်း"

ဝါကျ​တစ်​ကြောင်းဖြင့် ကို့ရို့ကားယားနိုင်လှသည့်​​လေထုအ​ခြေအ​နေကို ဖျက်ပယ်ပစ်သည့်အခါတွင်​တော့ စိတ်မ​ကောင်းချင့်ချင့်ဖြစ်​နေသည့် လျန်ရွှမ်း၏အမူအရာတို့ပျောက်ကွယ်သွားခဲ့ကာ မိဖုရား​ခေါင်ကြီးသဖွယ်ဦး​မော့ပြီး ဟူချန်ရှီးအား လှမ်းဖက်၍ စတင်အပြစ်တင်လာ​တော့၏။

"နင့်ကိုယ်နင် ဘယ်လို​တွေဖြစ်​နေလဲဆိုတာ ပြန်ကြည့်စမ်းပါဦး..​ခေါင်းအစခြေအဆုံး လက်သည်း​တွေကိုပါအချိန်တိုင်းအ​ရောင်တင်​နေတဲ့ အကြီးဆုံးသခင်မ​လေး ရှီးရှီးမှ ဟုတ်​သေးရဲ့လား"

ဟူချန်ရှီးက တဟီးဟီးရယ်ပြရင်း

"အမြဲတမ်း အပြင်မှာ​ပြေးလွှား​နေရတာမလို့ ဒီလိုဝတ်စားတာက ပိုပြီးသက်​တောင့်သက်သာဖြစ်တာ​ကြောင့်ပါ..ပြီး​တော့ ကျင့်သားလည်းရ​နေပြီ"

ထမင်းစားပွဲဝိုင်းတွင် အားလုံး၏စကားလမ်း​ကြောင်းတို့မှာ ယ​နေ့၏အဓိကဇာတ်လိုက်ဖြစ်သည့် ဟူချန်ရှီးထံသို့သာ ဦးတည်လျက်ရှိသည်။ ဟူချန်ရှီးကိုယ်တိုင်သည်လည်း နိုင်ငံတကာသားရိုင်းတိရိစ္တာန်ကယ်ဆယ်​ရေးအဖွဲ့အစည်း၌ အလုပ်လုပ်ခဲ့သည့်နှစ်များဆီမှအ​တွေ့အကြုံများအား အားတက်သ​ရော​ဖောက်သည်ချ​နေသည်ပင်။

ဖွင့်ဟဝန်ခံခြင်းWhere stories live. Discover now