(1.11)

270 46 0
                                    

Unicode

1.11 - အဖိုးသာ လက်ပူးလက်ကြပ်ဖမ်းမိသွားခဲ့ရင်။

________________

ရှန်ယွီဟာ အဓိကအကြောင်းအရာကို ချက်ချင်းပြောင်းလိုက်ပြီး မေးလိုက်သည်။

"ဆရာ အရက်သောက်လာတာလား"

"နည်းနည်းလောက်ပါပဲ....အများကြီး မသောက်ခဲ့ပေမယ့် ဆရာ့အနံ့က အရမ်းဆိုးနေလို့လား"

ပိုင်ရှုယန်က မတ်တပ်ထရပ်လိုက်သည်။

"ဆရာရေချိုးတော့မယ်....မင်းလည်း အိမ်စာတွေပြီးပြီဆိုရင် ရေချိုးပြီးအိပ်ယာဝင်တော့"

ဇွန်လအစောပိုင်းရာသီဥတုမှာ အတော်လေးပူပြင်းလှသည်။ ရေချိုးပြီးနောက် ပိုင်ရှုယန်ဟာသူ့ဆံပင်တွေကိုခြောက်အောင်သုတ်ဖို့စိတ်မဝင်စားပဲ ရေချိုးခန်းထဲကထွက်လာ၏။ လမ်းလျှောက်နေရင်းကနေ ရေစက်တွေကတွဲလဲခိုလာပြီး သူ့အင်္ကျီကော်လာကို စိုစွတ်သွားစေခဲ့သည်။

ရှန်ယွီက ကုတင်ပေါ်မှာထိုင်နေရင်း သူ့ကိုစိုက်ကြည့်နေတာဖြစ်သည်။ ဒါကိုမြင်တော့ သူကအစပြုပြီးပြောလာခဲ့သည်။

"ဆရာ....ဆံပင်​ခြောက်အောင် ကူညီပေးပါရစေ"

"ကောင်းပြီ....ကျေးဇူး"

ပိုင်ရှုယန်က သူ့ရှေ့မှာထိုင်ချလိုက်သည်။

"မင်းငါ့ကို ပြောစရာရှိလို့လား"

ရှန်ယွီဟာ တုံ့ဆိုင်းစွာမေးသည်။

"ဆရာဒီနေ့ ကျွမ့်ယွီလီနဲ့ အပြင်သွားခဲ့တာလား"

ပိုင်ရှုယန်က သိပ်စဥ်းစားမနေပဲ ပြန်ဖြေသည်။

"သူအတင်းခေါ်လို့ပါ....ဒါနဲ့ သူ့သူငယ်ချင်းတော်တော်များများက ငါ့ကြောင့်မှောက်သွားကြတယ်လေ....ha..ha..."

ရှန်ယွီ၏ လက်လှုပ်ရှားမှုတွေမှာ တဖြည်းဖြည်းနှေးကွေးလာသည်။ ခဏ အကြာတွင် သူ့ပါးစပ်ကိုဖွင့်ဟကာ ပြောလာ၏။

"ဆရာ...အခုကစပြီး သူ့ကိုလျစ်လျူရှု့လိုက်လို့ ရမလား....သူက လူကောင်းတစ်ယောက် မဟုတ်ဘူး"

"စိတ်မပူပါနဲ့....နောက်တစ်ကြိမ်ဒီလိုမဖြစ်စေရဘူး"

ပိုင်ရှုယန်က ဆက်ပြောသည်။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now