Part 5

1.3K 65 5
                                    

ချို သူတို့အိမ်ရောက်တာ ၃ ရက်ရှိပြီဆိုပေမယ့် သျှားဆို
သည့် ခလေးမကို ခုထိမတွေ့သေး..ဒီရက်တွေမှာ အိမ်ရှိလူတွေနှင့် အတော်အသင့်တော့ ရင်းနှီးနေပြီဖြစ်ကာ မခိုင်နှင့် ပိုမို၍ ခင်မင်နေမိသည်..ဒီနေ့လည်း အပြင်သွားကြမည်ဟုဆိုတာကြောင့် ပြင်ဆင်နေခြင်းပါ..ချိုရဲ့ အခန်းက သျှားအခန်းနှင့် မျက်နှာချင်းဆိုင်မှာဖြစ်ပြီး ချိုထိုအခန်းကို စပ်စုချင် နေမိသည်..ဒီခလေးမ ချို့ကို တမင်ရှောင်နေတာ ဖြစ်နိုင်လောက်ပါသည်.. အိမ်ပြန်မလာတာ သုံးရက် အိမ်ကလူတွေလည်း သျှား အကြောင်းတစ်ယောက်မှ မဟချိုလည်း မမေးမိ..တွေးနေရင်းမှာပင် တစ်နေ့က ရှော့ပင်း စင်တာတွင် ဆုံခဲ့သော ကောင်မလေးကို မြင်ယောင်လာတော့ ခေါင်းခါရမ်း လိုက်မိသည်..မျက်နှာကို ထူးထူးခြားခြား ပြင်ဆင်ခြယ်သ မနေတော့ဘဲ ပုံမှန် skin care လိမ်းကာ ခြည်သားဂါဝန် လက်ရှည်ကိုဝတ်ကာ ဆံပင်ကို ကျစ်ချ လိုက်သည်. တကယ့်ကို ရန်ကုန်မြို့ကြီးဟာ ချို့အတွက် အရမ်း ပူပါသည်..အခန်းထဲက ထွက်လာကာ သျှားရဲ့ အခန်းရှေ့မှာ ရပ်လိုက် မိသည်..အခန်းထဲမှာတော့ ဓာတ်ပုံလေးတော့ ရှိမယ်ထင်တယ်.. ဝင်ကြည့်ရင် ကောင်း မလားသိချင်စိတ် ထိန်းမရတော့ တံခါးဖွင့်မည်  အလုပ် အထဲမှ တံခါးဖွင့် လာတော့ လန့်သွားမိသည်..
"ဪ ဆွေနှင်း ပြီးပြီလား"
"အာာ ဟုတ် မ မခိုင်" ရှက်လိုက်တာ ခိုးဝင် မလို့ပါဆိုမှ တည့်တည့်တိုး ရတယ်လို့..
"အတော်ပဲ ခုပဲ ဆွေနှင်းကို ခေါ်မလို့"
"ဟင် ဘာလို့လဲ"
"သျှား အခန်းကို ပြမလို့လေ လာဝင်လာ"
ချို အခန်းထဲကို ဝင်ကာ အခန်းကို လှည့်ပတ် ကြည့်နေမိ သည်. အခန်းက အတော်ကို ကျယ်ကာ အခန်း ဖွဲ့စည်းပုံ ကလည်း အတော်ကို အဆင်ပြေသည်. အစ်မခိုင်က သျှား အကြောင်းပြော နေသည်ထင်. ချို အာရုံ မစိုက်မိ. ချို့ရဲ့ အာရုံတွေက ခုတင်ဘေးက စားပွဲပေါ်ရှိ ဓာတ်ပုံဆီ ရှိနေမိသည်. မြန်မာဝမ်းဆက်နှင့် ကောင်မလေးတစ်ယောက်.
မျက်နှာက ဘေးဘက်ကို လှည့်နေကာ ဆံနွယ်တွေက မျက်နှာပေါ် ဝေ့ဝဲနေတာကြောင့် သဲသဲကွဲကွဲ မမြင်ရ
ဒါက သျှား ဆိုတာများလား.
"ဘယ်လိုလဲ ဆွေနှင်း"
"ရှင် အစ်မခိုင် ဘာမေးလိုက်တာ"
"အခန်းကို ဘယ်လိုထင်လဲလို့"
"ဟုတ် သဘောကျပါတယ် အကျယ်ကြီးပဲ..ဒါနဲ့လေ အစ်မခိုင်"
"အင်း ပြောလေ ဆွေနှင်း"
"ဒီ ဓာတ်ပုံထဲက"
ထိုစဉ်မှာပဲ အစ်မခိုင်ဖုန်း ring မြည် လာသည်.
"ခနနော် ဆွေနှင်း" အစ်မခိုင်က ဖုန်းအဝင်ကော ကိုကြည့် ကာ ပြုံးလိုက်သည်..
"ကဲ ပေါ်တော်မူလေး. ဘာလဲပြော"
".........."
"အင်း ဟုတ်ပါပြီ"
"............"
"အင်း အင်း ဒါပဲနော်"
ခိုင် ဖုန်းကို ချလိုက်ကာ ဆွေနှင်းကို ပြုံးပြလိုက်သည်
"သျှား ဒီနေ့ည ပြန်လာမယ်တဲ့"
"ဟုတ်"
"ဒါနဲ့ ခုနက ဘာမေးမလို့လဲ" 
"ရှင် အော် သွားကြတော့မလားလို့ မေးမလို့ပါ"
"အင်း သွားကြမယ်လေ"
ဒီနေ့ပြန်လာမယ် ဆိုတာကြောင့် မမေးဖြစ်တော့ပါ။
ဘာပဲဖြစ်ဖြစ် တွေ့ရတော့မှာပဲလေ.. ဓါတ်ပုံထဲက သျှားကော ဟုတ်ရဲ့လား.. အသက်ကြီးတဲ့ပုံပဲ.. သျှားရဲ့ ချစ်သူ များလား.. တော်ပါပြီ မစဉ်းစား တော့ဘူး..
.................................................................................. 
"သျှား နင့်ရဲ့ Plan ဘယ်လိုလဲ"
"ငါ ဒီနေ့ အိမ်ပြန်မယ်"
သျှား ခုရက်ပိုင်း နံနက်ခင်းဆို ဖူးဆိုင်မှာနေကာ ညနေပိုင်း တော့ ဘားကို သွားသည်.. အိမ်မပြန်ဖြစ်ဘဲ တိုက်ခန်းမှာပဲ အိပ်ဖြစ်ကာ သူရဲ့ ကိစ္စကို အသေချာ စဉ်းစားခန်း ဖွင့်နေ မိသည်.. ထားနွယ်ကလည်း ခုတလော သူမဆီ အတော် လေးကပ်နေကာ Day off ရက်မှာတောင် ဆိုင်တွင် အချိန် လာကုန်ဆုံးကာ သျှားနှင့် ရင်းနှီးမှုရရန် ကြိုးစားနေသည်.
social media ကတဆင့် message ပို့တာက တစ်ကြောင်း
ဖုန်းခေါ်တာက တစ်ဖုံဖြင့်ပါ..
"အိမ်ပြန်တာတော့ ဟုတ်ပါပြီ. နင် သူ့ကို ဘာပြောဖို့ စဉ်းစားထားလဲ"
"ဘယ်သူ့ကိုလဲ"
"တစ်ဖက်က အစ်မကိုလေ"
"ရှင်းရှင်းပြောရရင် ငါမသိဘူးဟ.. စဉ်းစားမရတော့ဘူး"
"အေ အဲဆိုလည်း နင် ပွင့်ပွင့် လင်းလင်းပဲပြောလိုက် လက်မထပ်နိုင်ဘူးပေါ့"
"ရပါ့မလား"
" ရမရ ပြောကြည့်မှ သိမှာလေ.. မရတော့ နောက်တစ် နည်းပေါ့ဟာ"
"အေ ငါအဲလိုပဲ ပြောလိုက်မယ် လက်မခံရင်တော့"
"လက်ခံတာ မခံတာတွေ အသာထား.. ကွေ့ဝိုက်ပြီး အချိန် ဆွဲနေတာ မကောင်းဘူး.. နင်မယူချင်ရင် စောစောဖြတ် အဲလိုမှ တစ်ဖက်က စေ့စပ်မယ့်သူလည်း အဆင်ပြေ လိမ့်မယ်"
"အေပါဟာ"
ဟင်.. စေ့စပ်မယ့်သူ ဆိုပါလား.. ထားရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်. ထား ကော်ဖီလာပို့ရင်း စကားပြောသံ ကြားတော့ တိတ်တခိုး နားထောင်နေမိခြင်းပါ.. ငါ ဘယ်လို လုပ်ရမလဲ.. စေ့စပ်တယ်ဆိုပါလား.. ဟာ သျှားက စေ့စပ်ပွဲ ဖျက်မယ်ပြောနေတာပဲ.. မဖြစ်သေးပါဘူး.
ငါမြန်မြန်လှုပ်ရှားရမယ်.. သျှားက ငါ့အပိုင်ပဲ..
.................................................................................

သို့... ချစ်ရပါသောWhere stories live. Discover now