Chapter-25

482 22 0
                                    

Unicode-

"ခေါင်းဆောင်၊ အရှေ့မှာ ရှိန်းခန့်ရဲ့ကား၊ "

"အင်း"

ဒေသဦးက ခေါင်းငြိမ့်ပြပြီးနောက်
သေနတ်ထုတ်လိုက်လေသည်။

ချက်ချင်းကားရပ်ကာ ရှိန်းခန့် တို့ကားနားရောက်သွားသည့်အခါ၊

"လူမရှိဘူးခေါင်းဆောင်"

"တောက်စ်!.....ဆက်လိုက်၊ မန္တလေးကိုရောက်အောင်သွားမယ်"

ပြောပြီးနောက်သူလဲကားထဲပြဝင်လိုက်လေသည်။

မေးရိုးများတင်းထနေပြီးဘယ်လောက်ဒေါသဖြစ်နေလဲ သိသာနေလေသည်။

__________________________________

"ငါမယုံခဲ့သင့်တာ၊ ငါ့ကိုကအမြဲအယုံလွယ်ခဲ့မိတာ၊ မင်းကလဲဒေသဦးရဲ့
လက်အောက်ကလူဆိုတော့ ယုတ်မာတာမဆန်းဘူးလေ"

"ကျွန်တော် သခင်လေးကိုလက်ဖျားနဲ့တောင်မထိပါဘူး၊ ကျွန်တော်ကသခင်လေးကိုချစ်တာ......"

"ငါကလေ....လှောင်အိမ်ထဲထည့်ခံထားရပြီး၊ ပိုက်ဆံပေးရင် လွှတ်ပေးခံရတဲ့ငှက်လိုပဲ....ဘယ်လောက်ပဲပျံသန်းပါစေ အချိန်တန်တော့ဒီလှောင်အိမ်ထဲပဲပြန်ရောက်လာတာ၊ ငါမင်းတို့နဲ့မပတ်သက်သင့်တာ"

"ကျွန်တော်ကသခင်လေးကိုကူညီပေးရုံပါ၊ ခေါင်းဆောင်လက်ကလွတ်တာနဲ့
သခင်လေးကိုကျွန်တော် စိတ်ချရတဲ့နေရာမှာ အနှောင်အဖွဲ့ကင်းကင်းနဲ့နေခိုင်းမှာပါ၊"

"ငါဟာငါသွားနိုင်တယ်၊မင်းခေါ်ထားစရာမလိုဘူး၊"

"အိမ်ပဲရောက်နေပြီ တစ်ရက်နှစ်ရက်လောက်တော့နေသွားပါအုံးလားဗျာ"

"မင်းအိမ်ကိုငါကအလည်လိုက်လာတယ်ထင်နေတာလား၊ မင်းတို့ ဧကရာဇ်ဆိုတဲ့ဂိုဏ်းက စောက်ရူးတွေ"

မန္တလေးမြို့စွန်ရှိအိမ်ကြီးတွင်ဖြစ်သည်။

ဒေသဦးတို့နောက်မှလိုက်လာသည်ကိုသိသဖြင့် ထမင်းဆိုင်နားတွင်ကားရပ်ကာ အခြားကားနှင့် ရောက်အောင်ခေါ်လာခဲ့ခြင်း၊

ဒေသဦးလိုလူက လူတစ်ယောက်ကိုရှာချင်ရင် အလွယ်လေးနဲ့ ရတာပဲလေ၊

𝖨 𝖶𝖨𝖫𝖫 𝖫𝖮𝖵𝖤 𝖡𝖤𝖸𝖮𝖭𝖣 𝖫𝖨𝖬𝖨𝖳𝖲Where stories live. Discover now