(ဒီဟာကကျွန်တော့်စိတ်ကူးကိုပုံဖော်ရေးထားတာမို့လို့နီကီအရပ်ကို5'9"လောက်နဲ့ထားထားပါတယ်idol's imageထိခိုက်လိုစိတ်မရှိပါ)
ဒီလူဘာလားဟလူကိုဆွဲလားရမ်းလားနဲ့မသိရင်ငါကပဲသူနဲ့တစ်ခုခုလိုဘာလိုလိုညာလိုလိုနဲ့ ဒီလိုလာလုပ်လို့မရဘူးနော်
-"အ့"
ဘယ်လိုတောင်လဲဟအားကလည်းကြီးပါ့မဖြစ်တော့ဘူးပြောရတော့မယ်လူတွေလည်းကြည့်နေကြပြီ
အသိစိတ်ဝင်လာပြီးနောက်အတင်းရုန်းနေတဲ့ကောင်လေးကိုအားသုံးပြီးပြန်ချုပ်ထားလိုက်တော့ထအော်တော့တာပေါ့ ဟောဖြစ်သွားတဲ့ရုပ်လေး မျက်ခုံးနှစ်ခုကိုထိမတတ်ချိုးထားပြီးရန်လိုတဲ့အကြည့်လေးနဲ့ဆူထွက်တော့မယ့်နှုတ်ခမ်းလေးက ချစ်စရာလေးဟဘဲပေါက်လေးနဲ့တောင်တူနေသလိုပဲ
အေးလေအသံကျယ်သွားတော့စပ်စုကျတဲ့လူတွေကကြည့်နေပြီလေ အဲ့တော့ရှက်နေမှာပေါ့
-"ခင်ဗျားဘာလုပ်တာလဲ ကျွန်တော့်ကိုသိလို့လား"ဆိုပြီးတိုးတိုးလေးကပ်မေးတော့
ဟောအသံထွက်လာပြီဟ
"ကိုယ်မသိဘူး"သူ့အတိုင်းပဲအနားနားပိုကပ်ကာတိုးတိုးလေပြန်ဖြေမိတော့
စိတ်ပျက်စရာကောင်ပဲငါ့လာကစားနေတာပဲ
-"ဒီမှာအဲ့တာဆိုလာကစားမနေဘဲ"
"ဒါပေမယ့်အခုကနေစသိရင်ရတာပဲမလား"
"မွ"
လူမကြားအောင်အချင်းချင်းကပ်ပြီးတိုးတိုးလေးပြောနေတဲ့စကားစုလေးဟာနီကီစကားကိုဖြတ်ပြောလိုက်တဲ့တစ်ဖက်လူရဲ့စကားတစ်ခွန်နဲ့အတူ နီကီပါးပြင်ပေါ်ရောက်လာတဲ့အနမ်းတစ်ခုအောက်မှာပြီးဆုံးသွားခဲ့တယ်
မထင်မှတ်ထားတဲ့တုံ့ပြန်မှုကြောင့်နီကီတစ်ယောက်ကြောင်တောင်တောင်ဘဝသို့တစ်ဖန်ကူးပြောင်းသွားခဲ့တယ်
တစ်ဖက်ကသူငယ်ချင်းကြီးယန်ဂျောင်ဝန်းတစ်ယောက်မှာတော့ပါးစပ်ဟောင်းလောင်းနဲ့အပြူးသားမျက်လုံးတွေကနီကီဆီမှာ လက်ထဲမှာလည်းဖုန်းကြီးကိုင်ပြီးတော့