ရွံ့မြေကြားမှ မေတ္တာပန်း ep 14

492 26 0
                                    

အန်တီ အဖြစ်ကိုကြည့်ပီး  သစ် အူတတ်အောင်ရယ်နေရသည်ည်
ဒါမဲ့သစ်သာတကယ်လက်ထိတယ်ဆိုသစ်သွေးတွေကိုလဲ အန်တီ ဟာ မမရွံ့မရှာခုလိုလုပ်ပေူမှာဆိုတဲ့အသိလေးက
သစ်ကိုနွေးထွေးသွားစေမိသည်
သစ်ဘဝမှာ ဒီလိုခံစားချက်မျိုးတခါမှမဖြစ်ဘူးပါ
ဘယ်သူကမှလဲသစ်ဒဏ်ရာရလို့ခုလိုလုပ်ပေးဖို့နေနေသာသာ
ဆေးတောင်မထည့်ပေးဘူးပါ
သစ်မှာရယ်အားထက် ကြည်နူးတဲ့စိတ်သာကြီးစိုးနေသည်မို့
အန်တီ့အဖြစ်ကိုကြည့်ပီး ကြာကြာမရယ်နိုင်ခဲ့ပါ
အန်တီရယ် သစ်ကိုဒီလိုခဏခဏဂရုမစိုက်ိုက်ပေးပါနဲ့လား
သစ် အကျင့်ပါကုန်တော့မယ်
သစ်ဟာ အန်တီနဲ့သုံးနှစ်သာနေရမှာ
ပီးရင်သစ်ကထွက်သွားရမဲ့သူပါ

သစ်အတွေးထဲမှာပဲတဝဲလည်လည်ဖြစ်နေမိသည်

ကလေးမ ......ကလေးမ!!!!!!!

ဟု..ဟုကဲ့...ပြောပါအန်တီ.....

အစကတော့ထိုက်ကိုကြည့်ပီးအူတတ်အောင်ရယ်နေသည့့်
ကလေးမက ခဏအတွင်းမှာတင်
ဝမ်းတည်းတဲ့အကြည့်များဖြင့်ထိုက်ကိုကြည့်နေပီး
နူတ်ခမ်းကပြုံးနေပေမဲ့
မျက်ဝန်းမှာ မျက်ရည်များဝဲနေသလို
ထို့ကြောင့် ထိုက်ခေါ်လိုက်ပေမဲ့ ကလေးမကမကြားသည်မို့
ထိုက်အော်ခေါ်လိုက်မှပြန်ထူးလာသည့့်ကလေးမ

မင်း..တို့ကို ဒီလိုပဲကြည့်နေတော့မှာလား....

အာ..ဟုသား..အန်တီသက်သာလားဟင်....သစ်ဘာလုပ်​ေပးရမလဲ.....

​ေတာ်ပီ ...ဘာမှမလုပ်ပေးနဲ့...မသေသေးဘူး
မင်းနဲ့​ဖြစ်ရင်တို့မှာတလွဲကြည့်ပဲ....

ဟာ...အန်တီ အဲ့လိုတော့မပြောနဲ့လေ...
မပြောမဆိုန​ဲ့သစ်လက်ကိုပါးစပ်ထဲထည့့်တာဘယ်သူလ​ဲ
နောက်ပီး ရေတောင်းတော့ ပေးမို့ကို မစောင့်ပဲ
တွေ့ရာရေခွက်ယူသောက်တာ ဘယ်သူလဲ ပြော.........

မင်း ကမှကြောင်ကြည့်နေတာကို ဘာမှ မှလုပ်မပေးပဲ
ဒီကစပ်လွန်းလို့ သေတော့မယ်....

ဒါဆို ဘာလို့သစ်အပြောကိုမစောင့်ပဲသစ်လက်ကို
ပါးစပ်ထဲထည့့်လဲဖြေ......

အဲ့...အဲ့က မင်း..မင်း လက်ထိတယ်ထင်လို့..
တို့လုပ်မိလုပ်ရာလုပ်မိသွားတာ......

ရွံ့မြေကြားက မေတ္တာပန်းWhere stories live. Discover now