part 22

229 8 3
                                    

part 22 (ကြင်ယာတော်လင်း) (ဆု[ဝမ်ရှင်းမန်])

"ဒါပေမယ့်စည်းကမ်းလေးတွေရှိတယ် မေမေ့ကို မေမေလို့ခေါ်လို့မရတော့ဘူး "

'ဟင် ဟင် ဟင် ငါ့ကိုမပြောနဲ့နော် '

"မေမေမင်းသား၉ရဲ့ကြင်ယာတော်ဖြစ်ဖို့လက်ခံလိုက်ပြီ "

'အားးး ကံကြမ္မာဆိုတဲ့အရာကြီးရယ်ငါ့ကိုတစ်ဘဝလောက်ဘဲအေးဆေးပေးနေစမ်းပါ'

ရှင်းမန်၏အတွေးကမ္ဘာထဲတွင်ဟာရီကိန်းတိုက်သလိုဗြောင်းဆန်နေလေသည် သို့သော် တည်ငြိမ်နေ၍ဘာမှနားမလည်ပုံဟန်ဆောင်လိုက်လေသည်

"မေမေကလက်ထပ်တော့မှာလား ရှင်းမန် ဖေဖေအသစ်ရတော့မှာလား"

"အင်းအဲ့လိုသဘောဘဲဒါပေမယ့်မေမေ ကတရားဝင်ဇနီးကြင်ယာတော်မင်းသမီးမဟုတ်ဘူး အဆင့်၃ကြင်ယာတော်အဖြစ်လက်ထပ်ရမှာ အဲ့တာကြောင့်ရှင်းမန် နဲ့မေမေက သရုပ်ဆောင်တိုင်းကစားကြမယ် သခင်မနဲ့အစေခံအတိုင်းသရုပ်ဆောင်ကြမယ် ရှင်းမန်ကမေမေ့ကိုအခုကစပြီးကြင်ယာတော်လင်းလို့ခေါ်ရမယ် မေမေကရှင်းမန်ကို ရှင်းမန်လို့ခေါ်မယ်  ပြီးတော့အရေးကြီးဆုံးကတော့ မင်းသား၉နဲ့တတ်နိုင်သလောက်မတွေ့အောင်ရှောင်ရမယ် ဟုတ်ပြီလား"

"ဟုတ်မေမေ မဟုတ်ပါဘူး ဟုတ်ကြင်ယာတော်လင်း"

"လိမ္မာလိုက်တာရှင်းမန်လေးက"

ပုံမှန်ကလေးဆိုလျှင် နားလည်ဖို့ခက်မှာဖြစ်ပေမယ့် ကလေး ခန္ဓာကိုယ်နဲ့ဆယ်ကျော်
သက် တစ်ယောက်ရဲ့စိတ်ဝိဥာဥ်ရှိသည့် ဝမ်ရှင်းမန်အတွက်က အရမ်းလွယ်ကူလေသည်

လင်းလင်း လာပြီးနောက်တစ်ပတ်ကြာသောအခါ

ရှင်းမန်သည် လီလီနှင့်အတူမင်းသား ၉ ရဲ့
အိမ်တော်သို့ ကြင်ယာတော် လင်းရဲ့ကိုယ်ပိုင်အစေခံများအဖြစ် ဝင်ခဲ့ရလေသည်

သတင်းများအရ မင်းသား၉မှာ အလွန်ချောမောပြီး နွေးထွေးကြင်နာတတ်တဲ့နှလုံးသားရှိ သူဖြစ်သည် ဝိဥာဥ်တည်ဆောက်ခြင်း တတ်မြောက်သူ အဆင့်ဖြစ်ပြီး ရေကြောင်း အတွက် တာဝန်ယူရသောစစ်သူကြီးဖြစ်သည်

You've reached the end of published parts.

⏰ Last updated: Oct 17 ⏰

Add this story to your Library to get notified about new parts!

ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)Where stories live. Discover now