14

11K 441 9
                                    

Unicode

piano ဌာန...။

မောင်က ဒီအလုပ်ကိုပြန်လုပ်ခိုင်းခြင်းတော့မဟုတ်။ ရတုရှိသမျှ ချစ်ဖို့ကောင်း‌တဲ့ပုံစံဖြင့် ပြောတာကြောင့် မောင်က ပြန်၍လက်ခံပေးလိုက်ခြင်းဖြစ်သည်။ ရုံးပြန်တတ်တော့ ရတုကိုလူအများက ကွက်ကြည့် ကွက်ကြည့်ဖြင့်၊ ရတုကတော့ ဂရုမစိုက်ဘဲ ဝါသနာပါပြီး မြတ်နိုးတဲ့အလုပ်ဖြစ်တာကြောင့် ပတ်၀န်းကျင်ကို ဘေးဖယ်ထားလိုက်သည်။

အကိုဇက်ကတော့ ဩဆက်လက်ချက်ကြောင့် ဘယ်ဂျောင်မှာကပ်နေလဲ မသိတော့...။

"ရတု"

သူ့နာမည်ခေါ်သံကြားတာကြောင့် အသံလာရာလှည့်ကြည့်တော့ ရုံး၀န်ထမ်းကောင်မလေးတယောက်ဖြစ်သည်။

"ဘာကိစ္စရှိလို့လဲအမ"

"ရတုကို ဂျာကြီးခေါ်နေလို့ အဲ့တာ သွားလိုက်အုံးနော်"

"ဟုတ်ကဲ့ဗျ"

စကားပြောလက်စကိုဖျက်ပြီး ရတုခြေဦးတည့်လာတာက ဂျာကြီးရုံးခန်းဖြစ်၏။ မှန်တံခါးကို ဖွင့်လိုက်တော့ ဂျာကြီးနှင့်အတူ ယောက်ျားတယောက်က ထိုင်နေသည်။ ထိုယောက်ျား၏ အနားမှာလဲ မောင့်လိုမျိုး bodycardအပြည့်ဖြင့်။

"ရတုရောက်လာပြီပေါ့"

"ဟုတ်ဂျာကြီး... ဒါနဲ့ သူက?"

"အော် သူလား... ဦးထက်ထက်နိုင်မင်းဗျ ဒါက ဦးထက်နိုင်နိုင်မင်းပြောထားတဲ့ ကျတော်တို့pianoအဖွဲ့ရဲ့ နတ်သားလေး ရတုစောလေပါ"

ထို့နောက်ဂျာကြီးကရတုကို ထက်ကြည့်ပြီး

"ရတု ဒါက WO group ရဲ့ CEO ဦးထက်နိုင်နိုင်မင်း"

ရတုက ခေါင်းတချက်ငြိမ့်ပြီး ဂျာကြီးဘေးနားထိုင်ဖို့လုပ်လျှင် ဂျာကြီးက လက်ဟန်ခြေဟန်ဖြင့် တားကာ မထိုင်ခိုင်းဘဲနေ၏။

ဂျာကြီးပြောချင်တဲ့သဘောက ဦးထက်နိုင်နိုင်မင်း ဘေးနားထိုင် ဆိုတဲ့ပုံစံဖြင့်။ မေးခွန်းထပ်မမေး‌ချင်တော့တာကြောင့် ရတုက ထိုလူနားထိုင်လျှင် ထိုလူက ရတုကို လက်ဆွဲနှုတ်ဆက်ပြီး

"ကိုယ့်နာမည်က ထက်နိုင်နိုင်မင်းပါ ရတုထက် ကိုယ်ကငယ်ပေမဲ့ ရတုက ပိုနုနေတယ်နော်"

Mafia Control (Completed)Onde as histórias ganham vida. Descobre agora