"ရပါတယ်....တကယ်က ကျွန်တော် စိတ်မပါသေးလို့ပါ" Sunoo လက်ဖက်ရည် ကိုသောက်က်ရင်းေပြာလိုက်သည်.
Ryujin က ေခါင်းညိတ်လိုက်သည်.သူမ သည် ေလာေလာဆယ်အ ေခြအေနကို ကျင့်သားမရ သေးပါ.Yeji နဲ့ Yuna သည် mission ပြီးကတည်းကနှုတ်မဆက်ပဲထွက်သွားကြသည်လေ.Hikaru သည်လည်း ထိုင်ပြီး စကားစမြည် ပြောတတ်သော သူမဟုတ်ပါ.
" အိုကေ..အဲဒါဆို ဘယ်အချိန် ပြန်တွေ့ ဖို့ လုပ်ထားလဲ..နှစ်ပတ်တောင်ရှိနေပြီလေ.မင်းကိုသူမေ့မသွားခင် မင်း သူနဲ့ တစ်ခါပြန် တွေ့သင့်တယ်နော်"
Sunoo သက်ပြင်းချလိုက်သည်.
"အင်းပါ..ဒါပေမယ့် ကျွန်တော် ဘာမှလုပ်ရဲ မှာမဟုတ်ဘူးနော်..သူက ဆိုးတယ်"
"သူက ဆယ်လီကိုး...ပြီးတော့ သူ့လိုမျိုးကရှားတယ်လေ"
"ဘာပဲဖြစ်ဖြစ်...ကျွန်တော်က အင်တာဗျူး သွားရမှာပေါ့,ကျွန်တော့်ဖို့ပဲ လုပ်ထားတာမို့လား.ကျွန်တော်ပဲရမှာမို့လား"
Ryujin ကပြုံးသာနေလိုက်သည်.
Jaeyun ေပးထားသော ကဗျာစာအုပ်ကို Sunoo ဖတ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသည်,သူသည် mission ေတွကိုသာအာရုံစိုက်ပြီး ပြီးမြောက်အောင် လုပ်ပြီးမှသာ ဖတ်မည်ဟုတွေးထားလိုက်သည်.ဒီအချိန် အဲဒါကိုသာဖတ်လိုက်ရင် သူ့စိတ်တွေ အပိုင်းပိုင်းကြေသွားနိုင်သည်.
ဒီနေ့ကတော့ သူ့အခြေအနေက နည်းနည်းဆိုးနေသည်.သူသည် စာအုပ်စင်ကိုကြည့်နေရင်း အတွေးတွေလွင့်နေသည်. သူမတ်တပ်ရပ်လိုက်ပြီး အ)တ်အစားသေချာ၀တ်လိုက်သည်.ရာသီဥတုက ဒီရက်ပိုင်းအေးသည်.ကုတ်အကျီ ကို၀တ်လိုက်သည်.မာဖလာ နဲ့လက်အိတ်ကို၀တ်သည်.ကြည့်လိုက်တာနဲ့ သူသည် ကြက်ဥနဲ့တူနေပြီဖြစ်သည်.
"တစ်နည်းမဟုတ် တစ်နည်းပေါ့" သူ့ဘာသာပြောရင်း သူကော်ဖီဆိုင်ကထွက်လာသည်.သူအိတ်ယူခဲ့သော်လည်း ထီးမေ့ကျန်ခဲ့သည်.နှင်းတွေက ပိန်းပိတ်အောင် ထူထဲစွာကျနေသည်.
"ဘယ်ဘက်..ပြီးတော့ ..တည့်တည့်သွား"Cheonsa ကသူ့ကိုလမ်းညွှန်ေပးနေသည်.Sunoo သည်ပြေးနေသော်လည်း ချော်မလဲအောင်အသေအချာ ဂရုစိုက်နေသည်.