Chapter 1 ( Zawgyi )

17 1 0
                                    

သန်လျင်‌ရဲ့မြို့စွန်းမြို့ဖျား သိပ်မကျသော တစ်နေရာတွင် ရှေးဟောင် ပစ္စည်းဆိုင်လေးတစ်ဆိုင်ရှိသည်။ထိုနေရာလေးမှာ မရေတွက်နိုင်‌သောနှစ်ပေါင်းမြောက်များစွာရှိသည့်ပစ္စည်းများလဲရှိသည်။ သို့ပေမယ့်ထိုဆိုင်လေးနာမည်မကြီးလူမသိပေ။ သိသောသူများဟာလက်ချိုးရေတွက်နိုင်သည်။ ထိုတစ်ထပ်ဆိုင်လေးကိုပိုင်သောပိုင်ရှင် ဘိုးဘိုးဟာ ဆိုင်းခန်းတံခါးနားရှိပက်လပ်ကုလားထိုင်ပေါ်ထိုင်ရင် သူ၏မြေးလေးကို စကားများတုန်ချိစွာပြောနေလေသည်။

"မှိုင်းလွင် မြေးလေး ကောင်းကင်ပေါ်က တိမ်စိုင်ငယ်တွေ တွေ့လား သူတို့တွေသိပ်လွတ်တာဘဲ... တိမ်စိုင်တွေတောင် သူမှာရှိသက်တမ်း‌အချိန်လေးမှာ ပျော်ပျော်ကြီးမျော်လွင့်နိုင်လိုက်တာကွယ်"

"...."

"မြေးလေး မြေးလေးလဲ တိမ်တွေလိုနေ‌ပါ"

"ရုတ်တကြီး ဘာတွေထပြောနေတာလဲ ဘိုးဘိုးကြီးကလဲ" မှိုင်းလွင်က အခြားသူများကို တည်ငြိမ်စွာပြောဆိုဆက်ဆံတတ်သည်သို့‌ပေမယ် သူ့အဘိုးနှင့်ဆိုလျှင်စကားပြောလျှင်ပြောင်စပ်စပ်ပင်။

"အကောင်း‌ပြောနေတာမြေးလေး ဘယ်သူကိုဂရုမစိုက်နဲ့ မြေးလေးလုပ်ချင်တာကိုလုပ်"

"ဟုတ်ကဲ့ပါ အဲဒါတွေထားပါ ဟင် ညနေတောင်စောင်းနေပြီး ဘိုးဘိုးကြီးရေချိုးမှာမှလား ဧ ရေနွေးစပ်ပေးထားမယ်လေ ဘိုးဘိုးကြီး ဒီမှာထိုင်စောင့်နေနော်"

"အေးအေး~~~"

မှိုင်းလွင် မီးဖိုးချောင်းထဲဝင်လာကာ ‌ခရားထဲရေထည့်ကာ မီးဖိုးပေါ်တင်ရင် ခလုတ်ဖွင့်လိုက်သည်။ပြီးနောက် ဘိုးဘိုးကြီးကို အထဲမှာနေရန် သွားပြောရသည်။

"ဘိုးဘိုးကြီး ညနေစောင်းလို့ခြင်တွေတောင် ထွက်လာတော့မယ် တံခါးပိတ်ပြီးအထဲမှာနေရအောင်နော်"

"...."

"ဘိုးဘိုးကြီး---"

"..."

"ဘိုးဘိုးး~~ကြီး.."

ဘိုးဘိုးကြီး၏ ပခုံးလှုပ်ကိုင်ခေါ်လဲ အသံပေးပါဘဲ ကောင်းကင်ကြီးကို ကြည့်နေ‌သည်။ မှိုင်းလွင် စိတ်ခံစားချက်များအဆင်မပြေနေပါ။

ရှေးပေမ {ေရွးေပမ}Where stories live. Discover now