~ONE~

588 48 6
                                    

"ဒယ်ဒီ"

"ဟွန်"

screen ထက်ရှိ အချောသတ်ပြီးစီးသွားသော ဒီဇိုင်းအား အာရုံစိုက်နေသည့် ဟီဆွန်းတစ်ယောက် နီခီလေးရဲ့ ခေါ်သံကြောင့် ခေါင်းလေးစောင်းကြည့်လိုက်၏။ ထိုအခါ ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် ဂိမ်းထိုင်ဆော့နေသည့် သားမှာ သူ့အနား Tablet လေးကိုင်ရင်း လှစ်ခနဲရောက်နေလေပြီ။ ဟီဆွန်းတို့ သိလိုက်ပါပီ။ screen time limit ပြည့်သွားလို့ သူ့ Tablet လာအပ်တာပင်။

"သား ဗိုက်ဆာနေပီလား?"

ဟီဆွန်းက ပြောလည်းပြောရင်း နီခီလေးအား ပေါင်ပေါ်ပွေ့ တင်လိုက်တော့ သားက နေရာတကျပြင်ထိုင်လိုက်ကာ ခုဏက သူရှာတွေ့ထားသည့် အစားအသောက်တစ်မျိုးကို screen ပေါ်၌ ပြလာသည်။

"သား ဒါစားချင်တယ် ဒယ်ဒီ"

ဟီဆွန်းတစ်ယောက် သဘောတကျရယ်ရင်း အလည်လွန်နေသည့် သားကိုကြည့်ပီး ခေါင်းသာညိတ်ပြလိုက်၏။

"အွန်း စားကြတာပေါ့။ ဒယ်ဒီလည်း စားချင်နေတာကြာပီ"

"သားသိသားဘဲ။ ပါပါးက Dadကို အဲ့တာစားခွင့်မပေးထားဘူးနော်။ ပီးတော့ ပါးကိုကြောက်တာကလည်း လွန်ပါရော။..
အဟက် ပါးခွင့်မပြုရင် ဘာတစ်ခုမှကို လုပ်ရဲတော့တာ မဟုတ်ဘူး"

နီခီလေးက tabletလေးကိုပိတ်ရင်း ခုံပေါ်တင်ထားသည့် သူ့ဒယ်ဒီ၏ လက်ခုံအား ခပ်ဖွဖွပုတ်ပေးရှာသည်။ နှစ်သိမ့်သည့်သဘော.........

ဟီဆွန်းမှာ သဘောရိုးဖြင့် သူ့အားပြန်ဖဲ့နေရှာသည့် ချစ်လှစွာသောသားလေးအား မနာအောင် နဖူးဖွဖွတောက်ပေးလိုက်၏။

"ဟမ့် ကောင်စုတ်လေး..
မင့်ဒယ်ဒီက ဘယ်လိုလုပ်ကြောက်တာဖြစ်ရမှာလဲ။ သားပါပါးကို အလိုလိုက်ထားတာလို့ခေါ်တယ်ကွ"

"ဟုတ်ပါပီ။ ဒါဆိုလည်း သား ပါပါးအိမ်ပြန်ရောက်ရင် ပြောလိုက်ပါ့မယ်။ မဟုတ်တောင် ပါပါးကိုအရုပ်ဝယ်ပေးဖို့ ပူဆာမလို့လုပ်နေတာ။ အတော်ဘဲ Dadရဲ့စကားနဲ့အလှဲအထပ်လုပ်လို့ရသွားပီ"

Home Is Where The Heart Is [COMPLETED]Where stories live. Discover now