"သားငယ်...သားငယ်ရေ..သားငယ်မင်းဘယ်မှာလဲ.."
ဆင်ခြေဖုံးရပ်ကွက်ငယ်လေးထဲမှာအမည်နာမတစ်ခုကပဲ့တင်ထွက်လာတယ်။ပြေးရူးပြေးရူးနဲ့လူငယ်လေးတစ်ယောက်ဆီအားလုံးကပြူးတူးပြဲတဲကြည့်လာလျက်
"သားငယ်တစ်ကောင်တော့ဘာမွှေလာပြန်ပြီလဲမသိဘူးဟေ့.."
"ဒင်းကိုလည်းအံ့ပါရဲ့တော်..အကြောင်းသိရက်နဲ့မကြောက်မရွံ့ပြသနာရှာလာပြန်ပြီထင်တယ်"
လမ်းဘေးကွမ်းယာဆိုင်ကစလို့စတိုးဆိုင်အသေးလေးတွေအဆုံး တစ်ယောက်တစ်ပေါက်နဲ့ကျွတ်စီကျွတ်စီဖြစ်လာရပြီး....အပြေးတစ်ပိုင်းနဲ့ကောင်လေးမှာတော့စုတ်စုတ်ပဲ့ပဲ့အိမ်လေးတစ်လုံးဆီဝင်သွားခဲ့ပြီဖြစ်သည်။
"သားငယ်...သားငယ်ဘယ်မှာလဲ"
"ဟေ့ကောင် ဝရုန်းသုန်းကားနဲ့ဘာဖြစ်တာလဲ "
"အေး ငါအဆင်ပြေတယ် သားငယ်..သားငယ်ဒီမှာရှိလား"
"ရှိတယ် အနောက်မှာ....မင်းကသားငယ်ကိုဘာဖြစ်လို့ရေးကြီးသုတ်ပြာရှာနေတာတုန်းငစိုးရ "
"မင်းတို့ကိုရှင်းပြနေရင်အချိန်ကြာတယ် နောက်မှရှင်းမယ်ကွာ.."
ငစိုးအနောက်ကိုဝင်ဖို့ကြံနေတုန်းမှာပဲသက်တူရွယ်တူကောင်လေးတစ်ေယာက်ချက်ချင်းထွက်လာတယ်။လက်ကြားထဲမယ်စီးကရက်သောက်လက်စဟာလည်းအငွေ့တလူလူနှင့်
"ဘာဖြစ်လို့လဲငစိုး.."
"သားငယ်...မင်းဒီလိုနေနိုင်သေးတယ်နော်"
"ဟ..ဒီလိုမနေလို့ငါဘယ်လိုနေရမလဲ..မင်းဟာကလည်း "
ပြောရင်းစီးကရက်ကိုတစ်ရှိုက်ဖွာလိုက်လေရဲ့..
"အကြောင်းစုံမသိသေးပဲဖင်ယားမနေနဲ့ဟေ့ကောင်..မင်းအိမ်မှာဘယ်သူရောက်နေလဲသိလား"
"မသိဘူးလေ စိတ်လည်းမဝင်စားဘူး ငါတစ်မနက်လုံးဒီရောက်နေတာ"
အပေါင်းအသင်းဖျက်လို့ပျက်နေတဲ့ကောင်လေးကအရက်သေစာပင်သောက်စားတတ်နေလေပြီ..ဘဝရဲ့တစ်နေ့တာကဖဲရိုက်လောင်းကစားလုပ်ရင်းနဲ့ပဲကုန်ဆုံးလေ့ရှိတဲ့ကောင်လေးရဲ့အသက်က တစ်ဆယ့်သုံးနှစ်ပါတဲ့လေ..