( ဒီအပိုင်းကို Warning ပေးပါတယ် ။ Ssရိုက်ခြင်းနှင့် Copy မယူပါနဲ့။ အသက်ပြည့်မှသာ ဖတ်စေချင်ပါတယ်။ အသက်မပြည်သေးတဲ့ကလေးတွေ အတွက် ဘယ်နားကစမဖတ်ရမလဲဆိုတာကို ထပ်ပြီးသတိပေးထားပါတယ်။ )
ရုတ်တရက်ကြီး ခရီးထွက်ဝေးထွက်ရမည်ဟု ပြောလာသည့် ဦးတည်ရဲ့စကားကြောင့် နိဒါန်းပျို မျက်နှာညိုးသွားရသည်။
" ဘယ်နေ့သွားမှာလဲဗျ... "
" ............ "
စောလွန်းတည် မျက်နှာငယ်လေးနှင့်မော့ကြည့်ကာ မေးလာသော ချစ်ရသူပေါက်စလေးကိုကြည့်ရင်း သက်ပြင်းသဲ့သဲ့ချမိပါ၏။ ခဏပါပဲ အချစ်ရယ်လို့ဆိုရအောင်လည်း ဟိုမှာသုံးလလောက်နီးပါးနေရမည်ကို ကြိုတင်ခန့်မှန်းထားသည်မို့ လိမ်ညာကာ မပြောရက်ပေ။အကယ်၍ သူဘက်က ချစ်ရသူစိတ်သက်သာရာရအောင် လိမ်ညာလိုက်သည်ဆိုပါဆို့ တကယ်တမ်းမျှော်မှန်းစောင့်စားနေရမည့် ချစ်ရသူရဲ့ပုံစံလေးကိုစဥ်စားမိရုံဖြင့် သူ့မှာ ရင်မောမိပါသည်။
လိမ်ညာမိပြီးကာမှ....
ထိုရက်ပြန်လာမယ်ပြောပြီး ပြန်မလာတဲ့အခါ သူ့ကိုဘယ်လိုထင်သွားလေမလဲ။
ချစ်ရသူစိတ်ထဲ ဝမ်းနည်းသွားလေမလား။
စဥ်းစားရင်းနဲ့တောင် သူ့ရင်ထဲမှာမခံစားနိုင်ပါ။ ဖြစ်နိုင်ရင် ခေါ်သွားလိုက်ချင်ပေမယ့်လည်း အလုပ်ကိစ္စဖြစ်နေသည်ကတစ်ကြောင်း၊ မိသားစုရေးပြဿနာတစ်ချို့ဖြေရှင်းရမည်က တစ်ကြောင်းကြောင့် ခေါ်သွားလို့ကလည်းမရနိုင်ပေ။
" ကိုယ့်ကလေးလေး ကိုယ့်ကိုကြည့် "
နိဒါန်းပျို ဦးတည်ရဲ့မျက်နှာကိုမော့ကြည့်လိုက်ပါ၏။
" အချစ်ရယ်...ကိုယ်အမြန်ဆုံးပြန်လာနိုင်အောင်လုပ်ပါ့မယ်ကွယ် "
" ဦးတည်... ဘယ်နေ့သွားမှာလဲဗျ "
" မနက်ဖြန်ပဲ ကိုယ့်အချစ် "
ဦးတည်ရဲ့ သူ့အား အချစ်ဆိုသည့်နာမ်စားကြောင့် ရင်ခုန်ရသလို ရှက်အားလည်းပိုရပါသည်။ တစ်ခါတလေ ကလေးလေး၊ကလေးငယ်လို့ခေါ်လိုက်ရင်လည်း သူ့မှာမနေတတ်မထိုင်တတ်ရယ်ပါ။ ခုတော့ ဦးတည်ရဲ့ခေါ်သံတွေကို မနက်ဖြန်တွင်ရော သူထပ်ကြားနိုင်ပါ့မလား မသေချာတော့ပေ။ ခရီးထွက်ရမယ့်သူကို နှောင့်နှေးအောင် ဘယ်လိုတားမြစ်စကားကိုမှ သူ့ပါးစပ်ပြောမထွက်ပေမယ့် သူ့ရင်ထဲတွင်တော့ စို့နင့်နေသည်။
YOU ARE READING
ရင်ခွင်ရိပ်မြုံ ( Ongoing )