Part 37 (Uni)

4.2K 209 4
                                    

အပိုင်း - ၃၇

ကိုကိုက ကိုမင်းသက်နဲ့ ရှင်းတို့ လာလည်မည်ဆိုသည့်အတွက် ပျော်နေပုံရသည်။ မနက်ကတည်းက ကိုယ်ဝန်ဆောင်အားဆေးတွေကိုလည်း သေချာသောက်ပြီး မနက်စာကိုလည်း ညခင်း ကျွေးသမျှစားသည်။ ခါတိုင်းဆိုလျှင် ဆေးက နံသည်။ မနက်စာက ငန်သည်နဲ့ ဂျီကျလို့မဆုံး။ ကိုယ်ဝန်ကြောင့် ကိုကိုက အနည်းငယ် ပြည့်ပြည့်လေးဖြစ်လာသည့်အတွက် ပိုလို့ ချစ်စရာကောင်းလာသည်။ ကိုကိုဂျီကျတာတွေကလည်း ချစ်စရာကောင်းလွန်းလှသည်။ ရုပ်တည်ကြီးနဲ့နေတတ်သည့် နာမည်ကြီးမင်းသား ဆည်းဆာရောင်၏ တစ်ဖက်ခြမ်းကို ညခင်းမြင်နေရသည်လေ။

"မောင်.. နေ့လည်စာမှာ အရွက်ကြော်လေးများများ လုပ်ခိုင်းပေးနော်"

ညခင်း စာအုပ်ဖတ်နေရာမှ စာအုပ်ကို ချပြီး အနားရောက်လာသည့် ကိုကို့ကို ဆွဲယူကာ ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။ ညခင်း၏ လည်ပင်းကို တွဲခိုလာသည့် ကိုကို့လက်လေးများ။

"ကိုကို.. ဒီနေ့ အရွက်ကြော်စားချင်လို့လား"

"အွန်း.. ဒီနေ့ အသီးအရွက်တွေ စားချင်နေတာ"

"မောင်.. အိမ်တော်ထိန်းကို ပြင်ခိုင်းလိုက်မယ်နော်"

"အွန်း"

"ဒါနဲ့ ရှင်းတို့လာမယ်ဆိုလို့ ပျော်နေတာလား ကိုကို"

ညခင်း မေးလိုက်သည့်အခါ ကိုကိုက ညခင်းပခုံးပေါ် ခေါင်းလေး မှီချလာခဲ့သည်။

"အွန်း.. ဟုတ်တယ်"

ညခင်း ကိုကို့ လက်လေးကိုယူပြီး အသာယာ နမ်းလိုက်သည်။

"ကိုကို.. ဒီမှာနေရတာ မပျော်ရင်လည်း မောင်တို့ ဟိုဖက်ကို ပြန်ကြမယ်လေ"

ညခင်း ပြောလိုက်သည်နှင့် ခေါင်းထောင်လာသည့် ကိုကို။

"အာ.. မပြန်ပါဘူး.. ကိုယ်က သားကို ဒီမှာပဲ မွေးချင်တာ"

"စတာပါ ကိုကိုရဲ့.. မောင် ပြောလိုက်ရင် ကိုကို ဘာပြန်ပြောမလဲ သိချင်လို့လေ"

"ဟွန့်.."

ကိုကိုက ချစ်စရာကောင်းအောင် နှာခေါင်းလေးရှုံ့ပြသည်။

H.A.E.D.E.N (Completed)Where stories live. Discover now