အခန်း ၁၂

332 65 1
                                    

Unicode

အခန်း ၁၂ ။

"ဒီလိုဆိုမှတော့" လင်ယိက ပြောလိုက်သည်၊ "သနားစရာအကောင်းဆုံးက ကျွန်‌တော်ပဲပေါ့နော်"

ချင်ကျိုးက တစ်ခုခုပြောဖို့ လုပ်လိုက်စဉ် အခန်း ၃၀၉ ၌ အခြားလှုပ်ရှားမှုတစ်ခုရှိလာလေသည်။

"ရွှိရှားကျီ..." ချွိကျားလျန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ ရွှိရှားကျီ ပေါ် ခုန်အုပ်လိုက်ပြီး ရွှိရှားကျီ၏ကော်လာကို လှမ်းဆွဲလိုက်သည်။ "မင်းအခန်း ပြတင်းပေါက်က ပိတ်ထားလား?"

ထိုအခါ၌ ရွှိရှားကျီမှာ ရှက်သွားပုံရပြီး ချွိကျားလျန်က ဘာပြောမလဲ မှန်းဆပြီးဖြစ်သည်။

သေချာတာပေါ့၊ ချွိကျားလျန်က ပြောလာလေသည်။ "ဒီည မင်းအခန်းထဲမှာ ငါ့ကိုနေခိုင်းလို့ရမလား? ဒီလိုဆို ငါမသေတော့ဘူးပေါ့"

ရွှိရှားကျီ နှုတ်ဆိတ်နေတာကိုမြင်တော့ ချွိကျားလျန်က ထပ်ပြောသည်။ "ငါတို့ တခြားသူအခန်းထဲကို သွားလည်လို့မရဘူးလို့ သေမင်းရဲ့စည်းမျဉ်းတွေက မပြောဘူးလေ။ ရွှိရှားကျီ၊ ငါ့ကို ကယ်ပါ၊ ငါ့ကို ကယ်ပါ။"

ဒါက အလွယ်ဆုံးနည်းလမ်းဖြစ်သလို အန္တရာယ်အရှိဆုံးနည်းလမ်းလည်း ဖြစ်နေသည်။

အခန်းတွင် ထိုအရာကို ဟန့်တားမည့်သူမရှိပါက ထိုအရာဟာ ပြတင်းပေါက်ကနေ ဝင်လာဖို့ ပိုလွယ်လိမ့်မည်။ အခန်းထဲမှာ ဘယ်သူမှမရှိသော်လည်း သတ်ဖြတ်နိုင်ရန်အတွက် မရဏစည်းမျဉ်းနှင့်ကိုက်ညီသွားပြီဖြစ်သည်။ ထိုအရာဟာ ချွိကျားလျန်နောက်သို့လိုက်ကာ ရွှိရှားကျီ ၏အခန်းသို့ လိုက်သွားလိမ့်မည်မဟုတ်ဟု မည်သူမှ အာမခံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ရွှိရှားကျီကိုပါ တစ်ခါထဲ သတ်ပစ်လိုက်နိုင်သည်။

ထိုအခိုက်အတန့်၌ ချင်ကျိုးက လင်ယိကို ကြည့်လိုက်လေ၏။ လင်ယိက ရွှိရှားကျီအား စိုက်ကြည့်နေတာကို ချင်ကျိုး မြင်လိုက်ရသည်ကြောင့် သူက လင်ယိကိုမေးလိုက်သည်။ "မင်း ဘာတွေ့လို့လဲ?"

"စီနီယာ။" လင်ယိလည်း ချင်ကျိုးကို ခေါ်လိုက်ပြီး ဘေးကို စောင်းငဲ့လိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။ "နည်းနည်း ထူးဆန်းနေတယ်"

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now