အခန်း ၁၂

Start from the beginning
                                    

ချင်ကျိုး ။ "ဘယ်သူလဲ? ရွှိရှားကျီလား?"

"ဟုတ်တယ်။" လင်ယိက ပြန်ဖြေသည်။ "ရွှိရှားကျီက ချွိကျားလျန်ကို မကယ်တင်ချင်ဘူးလို့ ခံစားနေရတယ်။"

ရွှိရှားကျီက ချွိကျားလျန်အား ကာကွယ်နေသည်ကို သူ ရှင်းရှင်းလင်းလင်းမြင်တွေ့ပြီး ဖြစ်သည်။

ချင်ကျိုးသည် လင်ယိကို စိုက်ကြည့်ပြီးနောက် ခဏအကြာတွင် ပြောလိုက်လေ၏။ "ဒါက ပုံမှန်ပါပဲ"

လင်ယိ : "ဘာလို့အဲ့လိုထင်တာလဲ?"

ချင်ကျိုး : "လူ့သဘာဝပဲလေ"

လင်ယိက နှုတ်ခမ်းကို ဖွဖွဖိထားရင်း ငြိမ်ကျသွားလေ၏။

ချင်ကျိုးသည် ထိုသို့သောမြင်ကွင်းကိုမြင်ရတာ ကျင့်သားရနေသည့်ပုံပေါ်သည်။ သူက လင်ယိ ပုခုံးကို ပုတ်လိုက်ကာ " 'အန္တရာယ်နဲ့ကြုံလာတဲ့အခါကျ တောထဲက ငှက်လင်မယားတွေတောင်မှပဲ တစ်ကွဲတစ်ပြားဖြစ်ကုန်တတ်တယ်' ဆိုတဲ့ စကားပုံကို မင်း ကြားဖူးလား?"

လင်ယိ ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်။" ချင်ကျိုးက ပြောလိုက်သည်။ "ဒါဆို မင်းဘာသာပဲ အဖြေရှာသင့်တယ်။"

နှစ်စက္ကန့်အကြာတွင် ချင်ကျိုးက လင်ယိကို မေးလိုက်၏။ "မင်းသဘောပေါက်ပြီးပြီလား"

လင်ယိ : "!"

သူက ဘယ်လိုလုပ် သူ့ကို ဒီလောက်မြန်မြန်နဲ့ အဖြေရှာတွေ့နိုင်ဖို့ မျှော်လင့်ထားတာလဲ?

"မင်းက IQ 143ရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲလေ။" ချင်ကျိုးက ပြောလာလေသည်။

"ကောင်းပြီလေ။" လင်ယိက ပြောသည်။ "ဒါဆို စီနီယာ၊ ကျွန်တော့်ကို နောက်ထပ် နှစ်စက္ကန့်လောက် ပေးပါ"

ချင်ကျိုး : "ထားလိုက်တော့"

လင်ယိ : "?"

ချင်ကျိုး : "မင်းမှာ ဒါတွေကို စဉ်းစားဖို့ အချိန်ရရင် ဒီည မင်းဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စဉ်းစားတာက ပိုကောင်းမယ်။"

အခုအချိန်တွင် မရဏစည်းမျဉ်း နှစ်ခုရှိနေလေပြီ၊ သူ့ကို ၇.၇ မကောင်းဆိုးဝါးကောင်က ပစ်မှတ်ထားနေတာကြောင့် လင်ယိအတွက် ယနေ့ညသည် သေချာပေါက် မလွယ်ကူလောက်ပေ။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now