"ငါ့သားဂိမ်းတောင်မဆော့နိုင်တော့ဘူးထင်တယ်"
လပြည့်အိပ်ခန်းထဲက ထွက်လာတော့ ဒေါ်ခင်ပြည့်စုံက လှမ်းပြောသည်။လပြည့်လည်း ခြေထောက်တွေညောင်းညာပြီး ဂိမ်းဆော့ချင်စိတ်လည်း မရှိတော့။စောင်းလျားတန်းက ပြန်ရောက်ကတည်းက ခဏနားပြီး ရေချိုး ထမင်းစားပြီး အိပ်ပျော်သွားခဲ့တာ။
"အိပ်ချင်လို့ ဘာဂိမ်းမှ မဆော့နိုင်တော့ဘူး"
"မနက်ကျ ကားနဲ့ပဲတွေသွားသယ်လိုက်ပေါ့ အဲ့ဒီက အလုပ်သမားတွေ ကားပေါ်တင်ပေးလိမ့်မယ်"
"တစ်ယောက်တည်းလား"
"အေးလေ သား လမ်းသိသွားပြီလေ သယ်လာရုံပဲ"
"နွေဦးရော"
"နွေဦးက နေ့တိုင်းမအားဘူး သားရဲ့ အလှူတွေက
မုန့်လက်ဆောင်းမုန့်ဖတ် မှာရင်လည်း လုပ်ရတယ် သူ့အိမ်မှာကလည်း အလုပ်ကအများသား နေ့တိုင်းခေါ်လို့ကျ အဆင်မပြေဘူးလေ"
"အင်း"
"နွေဦးပါ ခေါ်ချင်လို့လား"
"မဟုတ်ပါဘူး"ဒီတိုင်းမေးကြည့်ရုံပါ။တစ်ယောက်တည်းတော့ ဘာဖြစ်လဲ။ကားမောင်းပြန်လာရုံပဲဟာ။
"မုန့်လက်ကောက် စားချင်လိုက်တာ"
နေ့ခင်းရောက်ရင် မုန့်စားချင်တာ အမေ အကျင့်လုပ်ပေးထားလို့ဖြစ်မည်။
"စားပွဲပေါ်မှာ သွားယူစား"
"ဘယ်သူသွား၀ယ်တာလဲ"
"နင့်အဖေ လမ်းကြုံလို့၀ယ်လာတာ"သွားဝယ်ဖို့ တွေးထားပေမယ့် ၀ယ်ပြီးတော့လည်း စားလိုက်ရုံပေါ့။ဓာတ်ဘူးထဲက လက်ဖက်ရည်တစ်ခွက်ထည့်ပြီး မုန့်ပန်းကန်ယူပြီး ဖျာပေါ်၀င်ထိုင်လိုက်သည်။သင်ဖြူးဖျာပေါ်ထိုင်ရတာက အေးပြီး သက်တောင့်သက်သာရှိစေသည်။
"လမ်းတွေ သိပ်မကောင်းသေးဘူးမလား စောင်းလျားတန်းဘက်မှာ"
"ရွာ၀င်ခါနီးမှ မကောင်းတာ"
"ဖြည်းဖြည်းမောင်းဖို့ပြောလိုက်မလို့ဟာ အမေလည်းမေ့သွားလို့"
"ကျွန်တော်က အပြန်မှမောင်းတာ အသွားက သူမောင်းတာ အပြန်တုန်းက ကိုယ့်ရွာနားရောက်မှ ကလေးနဲ့တိုက်မိမလို့"
"ဟယ် ဘယ်နားမှာလဲ"
"ဒေါ်အေးတင့်တို့နားမှာ ကလေးတွေက ဆော့ရင်း တာလမ်း ပေါ်ပြေးတက်လာတာ ကျွန်တော်ကဖြည်းဖြည်းမောင်းတာပါ သူဘာသာလန့်ပြီးချော်လဲတာကို ဒေါ်အေးတင့်က ကျွန်တော့ကို ပြဿနာရှာသေးတယ်"
"ဘယ်လိုပြောလိုက်လဲ"
"ကျွန်တော်က စိတ်ကရှည်တာမဟုတ်ဘူး ကိုယ့်မဟုတ်ဘဲလာပြောတော့ ပိတ်ပြောမလို့ နွေဦးကတောင်းပန်ပြီး အဲ့ကလေးတွေကို မုန့်ပါ၀ယ်ကျွေးလိုက်သေးတယ် တကယ့်လူ ၊ဒေါ်အေးတင့်က ကျွန်တော့ဆို မကောင်းပြောမယ်ဆိုတာချည်းပဲ"
"အဟင်း"
YOU ARE READING
ချစ်မိပြီ ဆိုပါလျှင်လေ
Romanceမထင်မှတ်ထားပါဘဲ အချစ်ဟာရင်ခွင်ထဲတိုးဝှေ့ခဲ့ ဘယ်လိုများလုပ်ရပါ့ အချစ်ရယ် မဖြစ်နိုင်ကြောင်း မင်းငြင်းဆန်နေပေမယ့် ကိုယ်ဟာ ရူးခါနေအောင် ချစ်ရဲ့☘️