''LinDar''
''LinDar''သူ့ခေါ်သံကို သူမကြားသည်။ လွယ်လွယ်လှည့်ကြည့်လို့ဘယ်ဖြစ်ပါ့မလဲ ကိုကို
"Baby"
ကိုယ်အရမ်းကြွေခဲ့ဖူးတဲ့နာမ်စားလေးဖြစ်ခဲ့ပေမဲ့....
ဒီအချိန် မှာထူးပြီးရင်မခုန်မိတော့ဘူး ကိုကို
သူမလက်ကိုအတင်းဆွဲပြီး သူ့ဘယ်တော့မှမသုံးတော့တဲ့ နာမ်စားထွက်လာတဲ့အထိဘာတွေများဆွဲဆောင်နိုင်ခဲ့သလဲ
ဝဋ်ကြွေးတခုဖြစ်ခဲ့တဲ့ ကိုကို က သူမကိုအကြိမ်ကြိမ်လှည့်စားခဲ့ဖူးသူဆိုမမှားပါဘူး။
ငြီးငွေ့လွယ်တယ်
အချစ်ခံရတာကိုကြိုက်တယ်
ချစ်နေပေးတဲ့တစုံတယောက်က သူ့ကိုမချစ်တော့ဘူးလို့ထင်ရင် အသည်းအသန်ပြန်လိုက်တက်တယ်။ဒါတွေဟာ
အာကာထက်ခေါင်
လို့ခေါ်တဲ့ သူမသိပ်ချစ်ရဖူးတဲ့ အမျိူးသားပေါ့.....
"ခေါ်လိုက်ရတာကွာ"
"ဒါ့ ကိုခေါ်တာလား ဒါ့ကိုခေါ်တာဆို ဒါ့နာမည်ခေါ်မှပေါ့ ကိုကိုရဲ့"
သူမနှုတ်ခမ်းပါးထက်က အပြုံးတွေကိုတော့ သူသိနိုင်ပါ့မလား.....
"ကို တို့စကားခဏပြောရအောင် ညနေကိုယ်ဖုန်းဆက်လိုက်မယ် ထိုင်နေကျ barကို လာခဲ့ပေးနော် ကိုကိုစောင့်နေမယ်"
အနိုင်ယူတက်တဲ့အမျိူးသား
အရင်လိုအနိုင်ယူလို့ရအုန်းမယ်အထင်နဲ့ ပြောချင်ရာပြောပြီး လှည့်ထွက်သွားပြန်ရဲ့
သူ့အနား ရောက်လာတဲ့သူအချိူ့နဲ့ စကားပြောနေလိုက်ပုံများ
အောင်နိုင်သူလိုပင်သူပွဲတက်မည်ကိုသိလို့ဒီ weddingပွဲကိုသူမတမင်လာခဲ့တာဖြစ်သည်။
ကိုအာကာထက်ခေါင်လဲ လာမှာ ဒါ့ဒါ့ကိုနှိပ်စက်ရာကျလောက်မလားဟင် ကျမပွဲကိုရှင်မဖြစ်မနေရှိစေချင်တာ
YOU ARE READING
The evil spirit he created
Romanceကျမ ဘာသာတစ်ယောက်ထဲအသားကျနေတဲ့ဘဝထဲဇွတ်တိုးဝင်လာခဲ့တာလဲ...ကိုကိုပဲ ကျမ ကိုချစ်တက်လာအောင်သင်ပေးခဲ့တာလဲ... ကိုကိုပဲ နောက်ဆုံးကျမကိုမကောင်းဆိုးဝါးတစ်ကောင်ဖြစ်အောင်ဖန်တီးခဲ့တာလဲ ကိုကိုပါပဲ....