Transmigrated into a different world to marry a husband

1.1K 26 8
                                    

ရှေးခေတ်ကို ကူးပြောင်းပီး ပိုက်ဆံရှာတဲ့ novel လေးပါပဲ

Gong - Zhuang Yan {MC}
Shou - Wan Tianning

ဒါလေးကတော့ gong protagonist ပါ

Tags : farming, hunters, mpreg, poor to rich ....

ဇာတ်လမ်းလေးရဲ့ အစကတော့.....

Zhuang Yan တယောက် တောင်ပေါ်မှာ ဆေးမြစ်တူးဖို့လာရင်း မြစ်ထဲ ပြုတ်ကျပီး ပြန်နိုးလာတော့ မျက်နှာ မဲနေတဲ့ ကောင်လေးတယောက် ကယ်ရာကနေ စတယ်ပေါ့ကွယ်...

အာ့ချိန် Zhuang Yanနိုးလာတော့ ကောင်လေး ဝတ်စုံက ထူးဆန်းပီး လက်မောင်းသား ဖြူဖြူလေးကို မြင်လိုက်ရတာပဲ 🤭
ဒါမယ့် ဒီချိန်က ဆောင်းတွင်းဖြစ်နေပီမို့ ကောင်လေးအေးနေမှာစိုးလို့ သူ့အပေါ်ဝတ်ကို ချွတ်ပီး ပေးချင်သော်ငြား ကောင်လေးကတော့ လန့်ပီး ထွက်ပြေးပါလေရော

သူလဲ ဒီနေရာက ဘယ်နေရာမှန်းမသိဖြစ်နေတော့  ကောင်လေးနောက်ကလိုက်ပြေးရင်း သကြားလုံးကျွေးပီး ကောင်လေး အိမ်ပေါ် တက်နေတော့တာပဲ 🤣🤭

ကောင်လေး တဲအိမ်ကို သူရောက်မှ သိလိုက်ရတာက အရမ်းဆင်းရဲပီးအိမ်မှာဘာဆို ဘာမှ မရှိတဲ့ အပြင် .... ကောင်လေးက တယောက်ထဲ နေတယ် ဆိုတာပဲ...

အာ့ကောင်လေးကတော့ ကိုတွေရဲ့ Shou လေး Wan Tianning ပါ...
ဝမ်ကော်အားလေး ရဲ့ဘဝက အရမ်းသနားဖို့ကောင်းသောပဲ ...
သူ ၁၃ နှစ်လောက်မှာပဲ မိဘ ၂ယောက်လုံးဆုံးသွားပီး.. သူ့အိမ်ရော သူ့မြေတွေရောကို ရွာထဲက နောက်ခံရှိလို့လုပ်ချင်ရာလုပ်နေတဲ့ မိသားစုက အကုန် အပိုင်သိမ်းပစ်လိုက်တာပဲ
ပီးတော့ သူ့ကိုမောင်းထုတ်တာ..ရွာသူကြီးက သနားလို့တဲလေးဆောက်ပေးလို့သာ သူနေလို့ရတာ .....
အာ့ထက်ပိုဆိုးတာက တရွာလုံးက ကလေးတွေက အစ ဝိုင်းနှိပ်စက်ကြသေးတာ
ကလေးက သူရှာလို့ရသမျှကို ဖွက်ထားရတယ် မဟုတ်ရင် သူ့တဲလေး အထိ လာပီး ထင်းတွေလဲ ယူတယ် အိမ်သုံးပစ္စည်းတွေကော .. သူပန်းထိုးထားတဲ့ လက်ကိုင်ပဝါတွေ ..အကုန် ယူတဲ့အပြင် ရိုက်တယ် ရိုင်းရိုင်းစိုင်းစိုင်း ဆဲကြဆိုကြ သေးတာ...

အာ့လို သူလေးရဲ့ဘဝ ထဲကို ကယ်တင်ရှင် gong က ရောက်လာပီး shouကို နှိပ်စက်သမျှ လူတွေ ကို ပြန်ကလဲ့စားချေပေးတယ်
Shou လေးရဲ့ ပိုင်ဆိုင်မှုတွေလဲ ပြန်ယူပေးသေးတယ် ....

အာ့တော့ အာ့လိုမျိုး သူ့ဘဝ ရဲ့နေရောင်ခြည်ဖြစ်လာတဲ့ gong ကို သူမကြွေပဲ နေမလားကွယ်....

Gong က စစချင်း ရွာရောက်လာတော့ ရွာထဲက လူတွေက အကုန် သူ့ကိုကြောက်ကြတယ် ...လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ အကြောင်း တခုကြောင့်ပေါ့ကွယ် (ပြောပြလိုက်ရင် အကုန် spoilမိသွားမှာမို့ ပြောတော့ဘူးနော်😉)

နောက်ပိုင်း gong ရဲ့ စွမ်းဆောင်ရည် လုပ်နိုင်စွမ်းတွေကြည့်ပီး ရွာသားတွေကသူ့ကို ကပ်ချင်ကြပြန်... သူတိူ့အိမ်က ကော တွေသမီးတွေနဲ့ ပေးစားချင်ကြတာပေါ့...

Gong ခမျာ သူရောက်နေတဲ့ world မှာ Ger(ကော) တွေရှိမှန်းမသိပဲ လမ်းသွားရင်း ဗိုက်ကြီးနေတဲ့ ယောကျာ်းတွေကို မြင်ပီး လိုက်ကြည့်လို့ အထုခံရသေး 🤣🤣

အာ့လိုနဲ့ သူနဲ့တူတူနေတဲ့ မျက်နှာမဲနေတဲ့ ကောင်လေးက ger  မှန်းသဘောပေါက်တာ...

ယောကျာ်းတယောက်နဲ့ Ger တယောက်က မင်္ဂလာမဆောင်ပဲ တူတူနေလို့ မရဘူးးဆိုပီး ရွာသားတွေက အာ့ရုပ်ဆိုးဆိုးကော လေးနဲ့ အတူမနေနဲ့ သူတို့နဲ့နေဆိုပီး လာပြောကြသေးတာ...

အာ့တော့ ကိုယ်တွေ gong က မင်္ဂလာမဆောင်ပဲ အတူမနေရဘူးးဆိုရင် ...
မင်္ဂလာ‌ဆောင်မှာပေါ့ဆို ပီး.... ရွာသားတွေ ဆွံ့အ သွားအောင် လုပ်နိုင်သူကြီးပါ...

ဒါမယ့် Zhuang Yan ရဲ့ အမြင်မှာ ဝမ်ကောအာလေးက အရမ်းငယ်သေးတာမို့ ယူပီးတာတောင် မင်္ဂလာဦးည မဖြတ်သန်းဘူးးဟေ 🤭🤭... နောက်ပိုင်း Zhuang Yan က သူရဲ့ modern ခေတ်ကအတွေ့အကြုံတွေနဲ့ စီးပွားရေး လုပ်ပီး အရမ်းချမ်းသာလာတဲ့ သူဌေးကြီး ဖြစ်လာမှာပါ...

တကယ့်ကို ပါးဖျက်ရိုက်တွေ ဆင်းရဲရာက ချမ်းသာလာတဲ့ ဇာတ်တွေ Ger ပါတာလေးတွေ သဘောကျရင်တော့..
ဒီ novel လေးလဲ ဖတ်ကြည့်သင့်ပါတယ်လို့ recom ပေးချင်ပါတယ် ရှင့်

Mpreg tag ပါပေမယ့် နောက်ဆုံးပိုင်းထိ ဘေဘီလေး ပါမလာပါ... အိမ်မက်ထဲမှာပဲ ကလေးပါတယ် ဆိုပီး ပြောသွားတာရယ်...

အပိုင်းက 85 ပိုင်းထဲမို့... ဘာသာပြန်ပေးကြပါလို့ 🥺🥺

Pick ပေးမယ့်လူရှိလာရင် link လေး လာချပေးမယ်နော် ဒီကနေပဲ...

Eng tran က‌ 5 ပိုင်းပဲ novel update မှာရှိတယ် ရယ်...ကျန်တာကတော့ MTL ကနေ ဖတ်ရမှာပါ...

နောက်တခုကလေ e လို ဖတ်ရပေမယ့် farming type လေးတွေက နားလည်လွယ်တာမိူ့ ဖတ်ချင်ရင် etran နဲ့ raw link လာတောင်းလို့ရပါတယ်ရှင့်💞💞

အသစ်တခုဖတ် ပီးရင် လဲ review လာတင်ပေးပါအုံးမယ် ရှင့် .😘😘👋👋

ချစ်စရာကောင်း‌တဲ့ger လေးတွေ ဘေဘီလေးတွေပါတဲ့ Farming Life Where stories live. Discover now