Chapter-(69)

434 84 3
                                    

Unicode

ကားအတွင်းတွင်အလွန်တိတ်ဆိတ်နေသည်။

သူတို့နှစ်ယောက်ရည်းစားဖြစ်သွားသည်ကို
သိနေသောဝတုတ်လေးနှင့်ကျိုးဇစ်ချိုးသည်
ရှုတ်ချမှုအပြည့်ပါသည့်မျက်လုံးများဖြင့်
ကြည့်လာသည်။

ရှကျစ်ယဲ့နှင့်စုန့်ယန်သည်လူမိခံလိုက်ရသောကြောင့်ရှက်ရွံ့ကာတိတ်ဆိတ်နေကြသည်

မည်သည့်အရာကိုမှမသိသည့်ကျောက်လွေ့ဝမ်မှာမူ ဝမ်းနည်းဒေါသဖြစ်ကာ စိတ်ပျက်မှုကိုခံစားနေရသည်။

''မင်းတို့ ဘာလို့ဒီလိုလုပ်နိုင်ရ​တာလဲ?''

ကျောက်လွေ့ဝမ်သည် အလွန်ဒေါသထွက်နေသောကြောင့် သူ့မျက်မှန်ပင်သုံးကြိမ်ခန့်တုန်လှုပ်သွားရသည်။

ကျောက်လွေ့ဝမ်သည် သူနှင့်ရှကျစ်ယဲ့၏
စကားဝိုင်းကိုမည်မျှကြားလိုက်မှန်းမသိသောကြောင့်စုန့်ယန်သည် တိတ်ဆိတ်နေလိုက်သည်။

ကံကောင်းစွာပင် ကျောက်လွေ့ဝမ်သည်အော်ပြောလာခဲ့သည်။

''ငါ့ကိုခွဲထုတ်ချင်တဲ့အထိမင်းတို့ကငါ့ကိုအဲ့လောက်တောင်မုန်းနေကြတာလား?ငါ အမှားတစ်ခုခုလုပ်မိတယ်ဆိုရင်လည်း မင်းတို့ တိုက်ရိုက်ပြောလိုက်လို့ရတယ်လေ ဘာလို့
ငါ့ကိုလိမ်ရတာလဲ ငါကမင်းတို့အတွက်အရမ်းအနှောင့်အယှက်ဖြစ်နေတာလား?''

''......''

အဖြောင့်တစ်ယောက်ရဲ့အတွေးကအဲ့လိုပေါ့

သူတွေးထားသလိုမဟုတ်သောကြောင့်
စုန့်ယန်သည် ခဏမျှဘာပြောရမှန်းမသိဖြစ်သွားသည်။ သူသည်ခေါင်းငုံ့လျှက်ပင်ရပ်နေဆဲဖြစ်သည်။

သို့သော် အရေထူသည့်ရှကျစ်ယဲ့မှာမူ တည်ငြိမ်စွာဖြင့် ကျောက်လွေ့ဝမ်နှင့်ကျိုးဇစ်ချိုးကြားသို့လျှောက်သွားကာဝင်ထိုင်လိုက်ပြီး ကျောက်လွေ့ဝမ်ပခုံးပေါ်သို့လက်တင်ကာပြောလိုက်သည်။

''မင်းဘာတွေတွေးနေတာလဲ ငါတို့ကမင်းကို
surpriseလုပ်ဖို့ရောက်လာတာ''

ငါ့ရှေ့မှာ ဆင်းရဲချင်ယောင်မဆောင်နဲ့Where stories live. Discover now