အပိုင်း 66

213 16 0
                                    

Chapter 66

“မင်းဘာတွေးနေလဲ သိပါတယ်”

သူ့အတွေးကို မှန်းဆမိကာ မိုယွမ်က ဆက်၍
“အဆိပ်ကို အဆိပ်နဲ့ ပြန်ဖြေတာက တစ်ခါတစ်လေ သိပ်ကောင်းတဲ့အကြံပဲ။ မင်းသမီးလေးက တခြားဆေးလည်း မတိုးတော့ဘူးလေ။ ပိုအရေးကြီးတာက ဆေးလည်း အလကားကုန်တယ်”

ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုး ရှိတတ်ပါသည်။

“အဲ့တာကြောင့် ကြာစိမ်းရွက်နဲ့ ဆေးအာနိသင်တွေ စုပ်ယူလိုက်တာ တကယ် ထိရောက်တယ်။ နောက်တစ်ခုက အံ့ဩဖို့အကောင်းဆုံးပဲ”

မိုယွမ် လေးစားစွာ ငေးကြည့်၍

“(၃) နှစ်သား အသက်ဆုံးမြက်ဆိုတာ သာမာန်ကျင့်ကြသူအတွက် အရမ်းမသက်ရောက်ဘူးလေ။ ဒါပေမဲ့ ရိုးရိုးလူသားကတော့ တစ်စက်တည်းနဲ့ သေစေနိုင်တယ်။ ပြောရရင် မင်းသမီးကလည်း အားအရမ်းနည်းနေတော့ တစ်စက်ဆို တစ်စက် လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

သမားတော်ယွန်းဖုန် ခေါင်းငြိမ့်မိ၏။ သူလည်း ထိုသို့ပင် တွေးမိပါသည်။

မင်းသမီးမှာ သေခါနီးအချိန်ဖြစ်၍ ပြောင်းပြန်သိုင်း သုံးလျှင်ပင် ဤမျှ မသုံးသင့်ဟု ထင်လေသည်။

(၁၀) စက်တောင်တဲ့။ သူကိုယ်တိုင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပါ။

“အဲ့တာကို အလေးစားဆုံးပဲ။ မင်းသမီးက အားအရမ်းနည်းပြီး သေမလို ဖြစ်နေပေမဲ့ အဲ့တာ မွေးတည်းကပဲ။ အသက်ကြီးလာတဲ့တစ်လျှောက်လုံးလည်း အဖိုးတန်ဆေးတွေ အများကြီး သောက်ခဲ့တယ်။ အဲ့တော့ အဲ့ဆေးတွေရဲ့ အစွမ်းအကျန်တွေက ရှိနေတာ။ ကိုမာဖြစ်ရင်တောင် အဆိပ်ကို ဖြေနိုင်သေးတယ်။ အဲ့တာကြောင့် အသက်ဆုံးမြက်ကို သာမာန်လူထက် ပိုသုံးရတာပေါ့။ ဒါပေမဲ့ (၁၀) ရက်ကျော်ရင် ဒုက္ခရောက်မှာ။ ငါ့လို မင်းသမီးကို နှစ်ပေါင်းများစွာ ကုလာတဲ့သူတောင် သေချာ မတွက်တတ်ဘူး။ ဒါပေမဲ့ အဲ့လူက သွေးခုန်နှုန်း စမ်းရုံနဲ့ အကုန်လုပ်သွားတာပဲ”

သမားတော်ယွန်းလည်း တုန်လှုပ်နေဆဲပင်။

ဤသည်မှာ ရိုးရိုးဆေးပညာ မဟုတ်ဘဲ အဆင့်မြင့် ဖြစ်ပါသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now