7

79 6 0
                                    

ရှောင်းကျန့်အော်ဟစ်ပြီး အိပ်ရာမှနိုးလာတယ်။ပါးပြင်မှစီးကျနေသောမျက်ရည်များကို သုတ်ရင်းထ ထိုင်လိုက်တယ်။
ဒါအိမ်မက်ပဲ ဟုတ်တယ် အိမ်မက်ပဲဖြစ်မယ်။

နိုးလာပြီလား!!!!။

ဝမ်သခင်လေးကျွန်မသား သတိရလာပြီ.....အာကျန့်မယ်မယ်ရှိတယ်....
ချန်ချန်က ဝမ်းသာအားရအော်ပြောပြီး အားကျန့်ရဲ့လက်လေးကိုဆုပ်ကိုင်လိုက်တယ်။

ကျန့်ကျန့်ကြောက်တယ်....ချောက်နက်ကြီးထဲပြုတ်ကျနေခဲ့တာ သူတို့အားလုံး ကယ်ပေးဖို့အော်နေကြတယ်...သား...သား....ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး.....။
ခု..သားနားမှာမယ်မယ်ရှိတယ်နော်

ကျန့်ကျန့်နိုးပီးလား ကိုယ်ဆန်ပြုတ်ပူပူလေးယူလာပေးတယ်။
ရှောင်ကျန့်ပြုံးနေတာကိုရပ်လိုက်ပြီးသူ့ရှေ့ကလူကို စိတ်ရူပ်ထွေးစွာကြည့်နေမိတယ်။

အစ်ကိုတို့ကဘယ်သူတွေလဲ ကျန့်ကျန့်မမှတ်မိဘူး။

ဒီက သခင်လေးက ဝမ်ရှီးချန်တဲ့ ဒီဘက်က ချန်းမင်လေ အားကျန့် သတိလစ်နေတာ တစ်ပတ်ကျော်ခဲ့ပြီ ။ ဒီကသခင်လေးနှစ်ယောက်ကပဲ
မယ်မယ်တို့ကိုကယ်ပေးခဲ့တာလေ သားကိုအရမ်းစိတ်ပူပေးခဲ့ကြတာ။

ရှောင်းကျန် ကုတင်ပေါ်မှ အပျာတလဲလဲဆင်းကာ ဒူးထောက်လိုက်သည် သတိရကာစမို့ လူကယိုင်နဲ့နဲ့ရယ်ပါ.... မယ်မယ်နဲ့ကျန့်ကျန့်ကို ကယ်ပေးလို့ကျေးဇူးကိုတစ်သက်မမေ့ပါဘူး

ကျန့်ကျန့်ကလဲဘယမဟုတ်တာနဲ့ ခုမှသတိရကာစကို ကုတင်ပေါ်ထိုင်နေပါလာပါ........
သူအိမ်မက်ထဲကမနိုးထသေးတာများလား သူဖြတ်သန်းခဲ့ရတဲ့တစ်လျှောက်လုံး သူ့အပေါ်နူးညံ့သိမ့်မွေ့ပေးနိုင်တဲ့ ပထမဆုံးတစ်စိမ်းတစ်ယောက်ကိုတွေ့နေရတယ်........သူရဲ့ကံဇာတာက တတ်လာပြီထင်ပါတယ်။

ဟုတ်သခင်လေး.....ကျန့်ကျန့်စားလိုက်ပါ့မယ်

သခင်လေး ချန်းမင် မြင်းစာသွားကျွေးလိုက်အုံးမယ် ဒီကကောင်လေး သခင်လေးက သဘောအရမ်းကောင်းတာနော် ကြောက်နေဖို့မလိုဘူး

အာကျန့်တို့နေခဲ့ကြအုံးနော် မယ်မယ် ပြင်ဆင်စရာတွေသွားလုပ်အုံးမယ် သခင်လေးကပဲ အားကျန့်ကိုဂရုစိုက်ပေးပါအုံး.........

မုန်းမရလေသော ဝမ်ဧကရာဇ်Where stories live. Discover now