ထူးခြားသောစွမ်းရည်တစ်ခု
ဟန်တင်ရွှမ်း အံ့အားသင့်သည်ဖြစ်စေ၊ မအံ့သြသည်ဖြစ်စေ ယွင်ရှန်း သည် အလွန်လျင်မြန်စွာပြန်လာသည်။
မကြာခင် ယွင်ရှန်း ပြန်လာကြောင်း လာပြောတော့ ကျိုးလင် ပါးစပ်ကို ထိတ်လန့်စွာဖွင့်လိုက်တယ်။ မစ္စတာယွင် က ဟန်တင်ရွှမ်း ကို အရမ်းတန်ဖိုးထားတာလား။
ဒီအချိန်မှာ ကျိုးလင် က သူ့နဖူးပေါ်က အေးစက်တဲ့ ချွေးတွေကို သုတ်လိုက်ရတယ်။
ဆိုင်ရှင်ကြီးလုပ်ခဲ့တာက တကယ်မှန်တယ်။ သူ သင်ယူစရာတွေ အများကြီး ရှိသေးတာပဲ။
"သခင်" ကျိုးလင် သည် ချက်ချင်းပြန်ပြေးလာသော ယွင်ရှန်း ကို အလေးပြုရန် လက်တီးဆုပ်လိုက်သည်။
"အစ်ကိုကြီးနဲ့ သူဌေးဟန်က အိမ်နောက်ဖေးမှာ ရှိနေပါတယ်"ယွင်ရှန်း က ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါးပြောတယ် "မင်းဒီမှာစောင့်နေ ငါဘာသာသွားလိုက်မယ်။"
" ဟုတ်ကဲ့သခင်"။ကျိုးလင် သည် ယွင်ရှန်း ထွက်ခွါခြင်းကို ကြည့်ပြီး ရှုပ်ထွေးနေသည်ဟု ခံစားရသည်။ ယွင်ရှန်း သည် သူတို့၏အစစ်အမှန်သခင် တန်ဖိုးအထားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး 'စားကောင်းပါစေ'စားသောက်ဆိုင် သည် ယခုအခါ ယွင်ရှန်း မှ လုံးဝလည်ပတ်နေပြီဖြစ်သည်။
အရင်ကတော့ ယွင်ရှန်း ကို 'မာစတာ ယွင်' လို့ အမြဲခေါ်ခဲ့ရတယ်။ အဘယ်ကြောင့်ဆိုသော် ယွင်ရှန်း သည် 'စားကောင်းပါစေ'စားသောက်ဆိုင် နှင့် ထဲထဲဝင်ဝင် မပါဝင်ချင်ခဲ့၍ဖြစ်သည်။သို့သော် တစ်ခါတစ်ရံတွင်၊ အထူးသဖြင့် အစိုးရမှ 'စားကောင်းပါစေ'စားသောက်ဆိုင် ကိုရွေးချယ်သောအခါ၊ ယွင်ရှန်း ကို စားသောက်ဆိုင် ၏ဒုပိုင်ရှင်အဖြစ်လူသိများသည်။
နိုင်ငံတစ်ဝှမ်းတွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသည့် 'စားကောင်းပါစေ'စားသောက်ဆိုင် ၏ နောက်ခံကို သူတို့အားလုံး သိကြသည်။ မည်သို့ပင်ဆိုစေကာမူ အချို့သော မင်းမျိုးမင်းနွယ်များနှင့် နှိုင်းယှဉ်ပါက သူတို့သည် ထိုမျှလောက် အစွမ်းထက်သည် မဟုတ်ပေ။
YOU ARE READING
My Tough Husband ( MM Tran) l
Historical FictionTitle -My Tough Husband Author - Xue'er Type - web novel 259+3 extras