🌧️ - 16

1.2K 152 24
                                    



ဂျောင်ကု ဆော့ဂျင်ကိုဘယ်လိုမှဖျောင်းဖျလို့မရပေ။
ကျောင်းပြီးတော့ အလုပ်ထွက်လျှောက်တော့သည်။
သူတို့သားအဖအတွက် အိမ်တစ်လုံးငှါးနိုင်ဖို့ရယ်
ရှေ့လျှောက်သူတို့ရပ်တည်ဖို့အတွက်ရယ်ဆိုပြီးပြောလာ၍ သူစိတ်ဆိုးပြီးသူတို့စကားများခဲ့ကြသည်။

ဂျင့်ကိုစသိကတည်းက မာနခဲလေးဆိုတာသိပေမယ့်
အခုဟာက သူကသူစိမ်းသူမှဟုတ်မနေ။
ဒါကို ကိုကိုနဲ့ကချစ်သူတွေဆိုပေမယ့်
ကိုကို့ကိုဝန်မပိုစေချင်ဘူး
ဂျင်ကိုယ့်ခြေထောက်ပေါ်ပဲကိုယ်ရပ်ချင်သည်ဟုပြောလာတော့သည်။

ဒီတစ်ခါတော့ ဂျင့်ကိုသူတကယ်စိတ်ဆိုးပြီး
သူတို့စကားမပြောကြပေ။
သူလည်းဒီရက်ပိုင်းသူ့ကိစ္စလေးတွေနဲ့အလုပ်ရှုပ်နေတာကြောင့် ညဉ့်နက်မှသာအိမ်ပြန်ရောက်လေ့ရှိသည်။

ထိုအချိန်ဆိုဂျင်ကလည်း အိပ်ပျော်နေတော့ပြီ။
မနက်ကျတော့လည်း ဂျင်ကအရင်ထွက်သွားတော့
သူနှင့်Uncleသာစကားပြောဖြစ်ကြသည်။
Uncleက သူတို့စကားမပြောကြတာကိုရိပ်မိသည်ထင်
သားနဲ့သားငယ်စကားများထားကြတာလားဟုမေးလာတော့သည်။
သူလည်းမလိမ်ချင်တာနဲ့အမှန်အတိုင်းပဲပြောပြလိုက်သည်။
သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြသည်ဆိုတာကိုတော့ထိမ်ချန်ထားလျက်ပေါ့
ဘာလို့ဆိုUncleကိုအနေမခက်စေချင်တာကြောင့်လည်းပါပါသည်။

ဒါပေမယ့်လည်း ဂျင့်လုပ်ရပ်ကလွန်သည်မလို့
သူUncleကိုတိုင်ရတော့သည်။
သူ့ကိုအားနာသည်ပြောတာကိုတော့
သူနည်း"လေးမှမကြိုက်ပါ။
သူနဲ့ကိုယ်ကအားနာရမည့်သူတွေမှဟုတ်မနေတာ။

" သားပြောတာကို ဦးကနားလည်ပါတယ်
ဒါပေမယ့်သူ့အနေနဲ့ကျတော့လည်း
ဦးတို့သားအဖနှစ်ယောက်အတွက်
သားကိုပိုပြီးဝန်မကြီးစေချင်တာကြောင့်ပါကွယ်
သားရဲ့ကျေးဇူးတွေဦးတို့အပေါ်မှာအရမ်းများနေပါပြီ.."

" ကျွန်တော့်ကိုUncleတို့ကတကယ်ပဲသူစိမ်းလို့သတ်မှတ်ထားကြတာပဲကိုး
ကျွန်တော်ကမိသားစုဝင်ဖြစ်ခွင့်ရလို့အရမ်းပဲဝမ်းသာနေခဲ့မိတာ
ကိုယ့်ကိုယ်ကိုတစ်ကောင်ကြွက်မဟုတ်တော့ဘူးဆိုပြီး...."

 Everything is you {အရာရာဟာမင်း }Completed☑️Where stories live. Discover now