2

100 15 1
                                    


Wonbin အိပ်ယာနိုးတော့ ညကအရက်အရှိန်ကြောင့် ခေါင်းကတစ်ဆစ်ဆစ်ကိုက်ခဲနေသည်
ဘေးပတ်လည် ကြည့်လိုက်တော့ အခန်းကိုရင်းနှီးနေပေမယ့် သူ့အခန်းဟုတ်မနေ။လွန်ခဲ့တဲ့ ၅ရက်မြောက်ညက ဟိုလူနဲ့ ချွေးထုတ်ခဲ့တဲ့ နေရာဖြစ်နေသည်မို့ ခြုံထားသည့်စောင်အား ခွာကာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ အဝတ်အစားက ညကအတိုင်းရှိနေတာမို့ သက်ပြင်းချလိုက်သည်။

"ဟူး တော်သေးတာပေါ့"

"နာရီ ကြည့်တော့ မနက်၉ခွဲ အခန်းထဲ ဘယ်သူမှမရှိသည်မို့ ညကပို့ပြီး ပြန်သွားတာဖြစ်မည် သူတို့လေယာဉ်ချိန်က နေ့လည် ၂နာရီဟု သိထားတာကြောင့် ပြင်ဆင်စရာများနေမှာပင်။

"ဘာပဲဖြစ်ဖြစ် ပြန်သွားတာ တော်ပါသေးတယ်"
တစ်ကိုယ်တည်း ရေရွတ်နေတုန်း အခန်းတံခါးက ပွင့်လာပြီး ကြည့်လိုက်တော့ အဲသည်လူ JungSungChan ဘာလဲ မပြန်သေးတာလား။

"နိုးတာကြာပြီလား ဒီမှာ အမူးပြေဟင်းရည်  Hotel မှာမရလို့ အနီးနားကဆိုင်မှာ သွားဝယ်နေတာ လာ သောက်လိုက်"

"အဟမ်း ကျေးဇူးပဲ ဒါနဲ့ မပြန်သေးဘူးလား"

"အရမ်း ပြန်စေချင်နေပုံပဲ"

"လေယာဉ်ချိန်နီးနေလို့ ပြောတာပါ ပြန်စေချင်လို့မဟုတ်ဘူး"

"အဲဒါဆို ကိုယ် မပြန်တော့ဘူး မင်းမပြန်စေချင်ရင်"

"အဲလို သဘောမဟုတ်ဘူးလေ ပြန်စေချင်တာက.....မသိဘူးဗျာ မြန်မြန်ပြန်လေ ကောင်းလေပဲ"

"ဟဟ ချစ်ဖို့ကောင်းတယ်"

"မျက်နှာရူး"

"မင်းကိုပါပဲကွာ"

"သွားလိုက်တော့ ခင်ဗျား"

"ဟုတ်ပါပြီ မင်းအရင် ပြီးအောင်စားပါဦး မင်းပြီးမှ သွားမယ်"

"အဲလောက်ထိလား ကျွန်တော့်အစားအသောက်ကိုပါ ဂရုစိုက်လောက်ထိ ကြွေသွားတာလား"

"အဲလိုထင်တာလား ကိုယ်ညက မင်းကားနဲ့ဒီလာတာမို့ လိုက်ပို့ဖို့ စောင့်မယ် ပြောတာပါကွာ"

"ခင်ဗျားကတော့..." Wonbinရှက်သွားက နားရွက်ဖျားတွေနီလာကာ မျက်နှာတွေပါပူလာသည် ထိုနီတာရဲလေးကို အသည်းတယားဖြစ်ကာ လက်ပိုက်ပြီး ပြုံးကြည့်နေတာကတော့ SungChan ပင် ဖြစ်သည်။

please let me cherish you,babyWhere stories live. Discover now