<<<<<<<<<<EPISODE TWELVE>>>>>>>>>>
ကားမောင်းရင်း ထည်ဝါပြောသည်များကိုသာပြန်ကြားမိနေသည် သူမ မသိခဲ့သောအကြောင်းအရာသစ်တစ်ခုပင်ဖြစ်သည်လေ ထိုကလေးအကြောင်းဆိုသူမဘာမှမသိခဲ့သည်က မှန်သည်မလား ကားမောင်းရင်းရှာရသည်မှာ နေရာစုံလာပီ ဘယ်ချောင်ထဲရောက်နေလဲ ကြောင်ဆိုးလေးရယ်
ဝသုန်မွေးနေ့ကနေလစ်ထွက်လာခဲ့သည် အစထဲက မလာချင်မွေးနေ့မို့လို့သာ မမနဲ့တွေ့ရတော့ပိုဆိုးသွားခဲ့သည် အတွေးများရင်း လမ်းလျှောက်လာရင်း သူတို့ရည်းစားစဖြစ်တုန်းကလာခဲ့တဲ့ စာအုပ်ဆိုင်သို့ရောက်လာခဲ့သည် မထူးတာကြောင့် ဆိုင်တွင်းဝင်ကာစာအုပ်ကမ္ဘာသို့ဝင်ရောက်လိုက်သည် အချိန်ကြာကြာဖြုန်းမိကာ ၇နာရီတီးလုပင်ဖြစ်တာကြောင့်အိမ်ပြန်ရန်ဆုံးဖြတ်လိုက်သည် အိမ်ကိုလဲ လာမခေါ်ခိုင်းချင်တာတော့ ကားလမ်းမပေါ်ရောက်တဲ့အထိလမ်းလျှောက်သွားရင်း တက်စီ ရှာရန်တွေးခဲ့သည် သို့သော် မိုးကသည်လိုဖြစ်ခွင့်မပေး သည်းကြီးမည်းကြီးရွာချလာသည်
ထီးလဲမပါသလို ဆက်လဲမလျှောက်နိုင်တော့ပါ တက်စီတစ်စီးကိုမြင်လိုက်သော်လဲ မိုးခြိန်းလိုက်တော့ ထိုနေ့ကအဖြစ်အပျက်များကိုပြန်မြင်လာရတာကြောင့် ရောက်နေရာမှာသာထိုင်ချလိုက်ရင်း စိတ်လွတ်သွားသလိုပင် မဟုတ်ဘူး မဟုတ်ဘူးကိုယ်ဟာကိုယ်သတိပေးနေရသည် နောက်စိတ်စုစည်းကာ အနားက သစ်ပင်တစ်ပင်အောက်၌ထိုင်နေရင်း စိတ်လျှော့ရန်လုပ်တော့ ကိုယ့်ဟာကိုယ်ကုတ်ခြစ်မိပြန်သည် စိတ်မလွတ်အောင်ထိန်းနေသော်လဲ ဒီရက် အတွေးများအိပ်မပျော်သည်ကြောင့်ပင်ပန်းထား၍ထင်သည် ကုတ်ခြစ်တာပင် မနာနိုင်တော့တဲ့အထိ
"မဟုတ်ဘူး...ဒါအတိတ်က..အက္ခရာကူး သတိထားစမ်း"
ကိုယ့်ဟာကိုယ်သာရေရွတ်နေသောစကားရယ်ပါ မိုးကလဲစဲမည့်ပုံမပေါ် ရေတွေလဲရွှဲနေပီသူမဒီထက်ပိုပီး ထိန်းထားနိုင်မည်မဟုတ်တော့ပါမိုးကိုရောကိုယ့်ကိုကိုယ်ရော ထိုအချိန် လမ်းမထက်၌ကားတစ်စီးရပ်ကာ လျှောက်လာနေသည် ထိုသူ ထိုသူသည် သေချာပေါက်မမပင် မမရှာတွေ့ခဲ့သည် မမသူ့ကိုရှာတွေ့ခဲ့ပီ စိတ်ကိုလွှတ်လိုက်မိသည်ထင်သည် မမကိုမြင်ပီးနောက် အိပ်စက်နိုင်ခဲ့သည်
YOU ARE READING
Eyes Have A Language of Their Own [Complete]
Romanceအက္ခရာကူး လှောင်အိမ်ထဲကနေထုတ်ပေးလို့ကျေးဇူးတင်ရမလား လှောင်အိမ်ထဲကထုတ်ပီး ပစ်ထားခဲ့လို့နာကျဉ်းရမလား သက်တံ့ခြူး လူတစ်ယောက်ကဘာလို့ဒီလောက်ပြောင်းလဲနိုင်ရတာလဲ လူတစ်ယောက်က ဘယ်လိုဖြစ်ပီးမပြောင်းလဲရတာလဲ ဟုတ်ကဲ့ ဒါကတော့ အပျင်းပြေဖတ်ဖို့ ဇာတ်လမ်းလိုပဲဖတ်ဖို...