unicode
Taehyungသည် အတန်းမရှိချိန်ဖြစ်၍ dance clubတွင် လာအနားယူနေကာ သူထိုင်နေကျစားပွဲခုံပေါ်တွင် အထုပ်လိုက်တင်ဆောင်ထားသည့် မုန့်ထုပ်တွေကို ကြည့်နေမိကာ လျှာလေးတသပ်သပ်...။
စားသလောက် ဝိတ်တက်သည့်သူက စေ့စပ်ပွဲကြောင့် dietလုပ်နေရကာ အသင့်စားမုန့်သရေစာတွေကို အရှေ့ထားပြီး မစားရအညော်ခံနေရသည်။
" စိတ်ထိန်းရအောင်... Taehyung... စိတ်ထိန်းရအောင်.. စေ့စပ်ပွဲနေ့ကျ... မင်းက အလှဆုံးဖြစ်နေဖို့လိုတယ်..."
စေ့စပ်ပွဲအကြောင်း အတွေးထဲရောက်သည့်အချိန်ကျ ကျေနပ်လှစွာ ပြုံးတုံ့တုံ့လေးဖြစ်သွားရလျက် အိတ်ထဲကနေ Minjiထုပ်လာပေးသည့် ချယ်ရီသီး၊ကီဝိသီး၊ခရမ်းချဥ်သီးတို့ထည့်ထားသည့် ဘူးလေးကိုဖွင့်ရင်း ထိုအသီးတို့ကိုပဲ ခက်ရင်းလေးနှင့်ထိုးကော်ရင်း တမြုံ့မြုံ့စားမိသည်။
ဝိတ်ချနေရသည်ကြောင့် ကျောင်းကန်တင်းကိုခြေဦးမလှည့်ရတာတောင်ကြာပြီ။ Jungkookနှင့်လည်း ကန်တင်းမှာ ထမင်းအတူမစားရ..။ Jungkookအကြောင်းတွေးမိတော့ Taehyungမှာ အပြေးလေးတောင်သွားတွေ့ချင်သွားသည်။
အသီးလေးတွေကို ခက်ရင်းနှင့်ထိုးကော်ရင်းစားလိုက် အတွေးစိတ်ကူးတွေထဲ မွေ့လျော်လိုက်နှင့် တစ်ယောက်ထဲအချိန်ကုန်ဆုံးနေသည့်မင်းသားငယ်လေးမှာ ဖုန်းringtoneအသံကြောင့် အိတ်ထဲကနေ ဖုန်းကိုထပ်ထုတ်ရပြန်သည်။
" ဟင်?..."
ဖုန်းscreenတွင် ထင်ဟပ်နေသည့်အမည်ကြောင့် မျက်ခုံးလေးပင့်သွားရလျက် နားထောင်လိုက်သည့်အခါ တစ်ဖက်ကနေပေါ်ထွက်လာသည့်အသံဟာ ပြတ်တောင်း ပြတ်တောင်းနိုင်လှသည်။
" ကျောင်းရှေ့ရောက်နေတယ်.. ထွက်ခဲ့...."
" တီလ်......."
" ကျောင်း?.. ကျွန်တော်တို့ကျောင်းလား... အခုလား.... ဟယ်လို...."
Taehyungဘက်ကအဖြေစကားကိုပင် မစောင့်ဘဲ ဖုန်းချသွားသည်ကြောင့် Taehyungမှာ တအံ့တသြလေးနှင့် အချိန်လည်းမဆွဲနိုင်ဘဲ dance clubထဲကနေထွက်ခဲ့ရသည်။
dance clubအပြင်ဘက်တွင် စောင့်ကြပ်နေသည့် Suhoတို့ကတော့ Taehyungထွက်လာသည့်အခါ Taehyungအနောက်မလှမ်းမကမ်းကနေ လိုက်ပါစောင့်ရှောက်သည်။
Taehyungမှာ လူရှင်းလျှင် ခြေလမ်းတို့ကိုမြန်လိုက်၍ခပ်သုတ်သုတ်လမ်းလျှောက်ပြီး လူတွေရှိလျှင်တော့ ခြေလမ်းတွေကိုပြန်နှေးကာ အိန္ဒြေရရလှမ်းရသည်။
ကျောင်းရှေ့ရောက်သည့်အခါ ကျောင်းအဝင်ပေါက်အရှေ့လမ်းမှာ ကားကိုကန့်လန့်ဖြတ်၍ရပ်ထားကာ ကားကိုအမှီပြုလျက် ပျင်းရိပျင်းတွဲဟန်နှင့်ရပ်နေပါသည့် Alphaတစ်ဦး..။
ကြည့်ကောင်းလှသည့် သူ့၏ပုံစံကြောင့် မလှမ်းမကမ်းက ကျောင်းသူလေးတွေမှာ သဘောတကျစူးစမ်းစပ်စုနေကြသည်။
အလယ်ခွဲဆံနွယ်နက်နက်တို့ကဂုတ်ထိထောက်နေလျက် ဖြူစွတ်နေသောအသားရေက နေရောင်အောက်တွင် ပိုထင်းနေကာ မျက်ဝန်းမှေးမှေးတို့က Taehyungကိုတွေ့လျှင် ပါးလျလျနှုတ်ခမ်းသားတို့မှာ အနည်းငယ်တွန့်ချိုးသွားသလို Taehyungဟာလည်း ဝမ်းသာအားရ ခေါ်ဆိုမိလိုက်သည်။
" Yoongi Hyung!...."
" မတွေ့တာကြာပြီ... Taehyung..."
" အား!.. Hyung ဘယ်လိုလုပ်ရောက်လာတာလဲ!.. Hyungကိုမလာနိုင်လောက်ဘူးထင်နေတာ "
Yoongiထံကို အပြေးတပိုင်းလှမ်းလိုက်သည့်Taehyungကို Yoongiဟာ ပွေ့ဖက်၍ကြိုဆိုလိုက်သည်။
" ငါ့ညီရဲ့စေ့စပ်ပွဲကို... ငါက မလာလို့ဖြစ်မလား...."
ထိုသို့ မင်းသားငယ်လေးကို အမိုက်စားAlphaကဖက်နေသည့်မြင်ကွင်းအား အနီးအနားကလူတွေအကုန်လုံးမှာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရကာ တအံ့တသြဖြစ်ကုန်ကြလျက် အချင်းချင်း ထင်မြင်ချက်အတင်းအဖျင်းတွေဆိုကြကာ ထိုသတင်းမှာ ခဏတွင်းချင်းတောမီးသဖွယ် ချက်ခြင်းပျံ့သွားလျက် မေဂျာတန်းဆီပြန်လာနေသော Mingyuနားထံလည်းရောက်လာခဲ့ကာ ထိုသတင်းထူးအား သူ့သူငယ်ချင်းတွေပြန်ပြောပြရန်အတွက် Mingyuမှာလည်းအပြေးရောက်လာခဲ့တာဖြစ်၏။
" ကျေးဇူးပဲ.. Hyung... ရောက်လာပေးလို့...."
Taehyungသည် Yoongi Hyungကို ပြန်တွေ့ရမည်မထင်ထား၍ ပျော်ရွှင်စိတ်တို့က ထိန်းမရသိမ်းမရ။
Yoongi Hyungက Taehyung၏အမေဘက်က အမျိုးတော်စပ်သည့်အစ်ကိုတစ်ဝမ်းကွဲဖြစ်ကာ Taehyungအလယ်တန်းတုန်းက Yoongi Hyungတို့တစ်မိသားစုလုံး ချီကာဂိုကို ပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပြီး Yoongi Hyungက တစ်နေရာထဲအတည်တကျမနေဘဲ နိုင်ငံပေါင်းစုံလှည့်လည်သွားပြီး အိပ်စက်တတ်သည်။